
ကျောက်ဆည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ အောက်တိုဘာလ(၂၈)ရက်နေ့တွင် ကျောက်ဆည်မြို့၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ကျောက်ဆည်မြို့ရှိ Ocean Wave အင်တာနက်ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းအား သွားရောက်ပြီး တာဝန်ခံနှင့် တွေ့ဆုံကာ အင်တာနက်ဆက်သွယ်ရေး ဝန်ဆောင်မှုပတ်သက်သည့် အချက်များအား ဆွေးနွေး ပြောကြားခဲ့ပါသည်။ ကျောက်ဆည်ခရိုင်၊စားသုံးသူရေးရာ ဦးစီးဌာနမှ ဦးစိုးမင်းထွန်း(ဒု-ဦးစီးမှူး)က ရှင်းလင်းပြောကြားရာတွင် စားသုံးသူအခွင့်အရေး များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ ၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးရမည့်အချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရမည့်အချက်များစသည့်စားသုံးသူ ကာကွယ်ရေးဥပဒေပါ အချက်မျာအား လိုက်နာရန် လိုအပ်ကြောင်း၊ နည်းပညာခေတ်တွင် အင်တာနက်သည် ပညာရေး ၊ စီးပွားရေးနှင့်ဆက်သွယ်ရေး ကဏ္ဍအားလုံးအတွက်အရေးကြီးဆုံးသော အင်တာနက်ဝန်ဆောင်မှု တစ်ရပ်အနေဖြင့်ပါဝင်ပါကြောင်း၊ စားသုံးသူများ၏ နေ့စဉ် လူမှုဘဝကိစ္စရပ်များ အဆင်ပြေချောမွေ့ စေရေး ၊ အင်တာနက်လိုင်းများ မကြာခဏပြတ်တောက်ခြင်းများ ၊ အင်တာနက်သုံးစွဲမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ ကုမ္ပဏီများသို့ သုံးစွဲသူပြည်သူများမှ အကြိမ်ကြိမ်ဆက်သွယ်ပြောဆိုခဲ့ သော်လည်း စားသုံးသူများ စိတ်ကျေနပ်မှု ရရှိအောင်ဆောင်ရွက်ပေးနိုင်မှုမရှိခြင်း ကိစ္စရပ်များ မဖြစ် ပေါ်စေရန်လိုအပ်ကြောင်း ၊ ဆက်သွယ်ရေး ကုမ္ပဏီများကပေးအပ်သည့် အင်တာနက်ဝန်ဆောင်မှု များနှင့် ပတ်သက်၍ လိုအပ်သော သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာ နှင့် ရှင်းလင်း ကြိုတင်အသိပေးဆောင်ရွက်သွားရန် နှင့် ဝန်ဆောင်မှုကို ကြော်ငြာရာတွင် ဝန်ဆောင်မှု စည်းမျဉ်း စည်းကမ်း (Terms and Conditions) များအား အင်္ဂလိပ် ၊ မြန်မာနှစ်ဘာသာဖြင့် ဖော်ပြထားရှိရန် ၊ ဝန်ဆောင်မှုများအပေါ် စားသုံးသူများမှ စိတ်ကျေနပ်မှု မရှိပါက အော်ပရေတာများ၏ Call Center သို့ အလွယ်တကူခေါ်ဆို၍ Complain ပြုလုပ်နိုင်စေရေး စီစဉ်ထားရှိရန်စသည့်အချက်များနှင့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင် ရရှိသည့်လုပ်ငန်းများနှင့် မိုဘိုင်းအော်ပရေတာများသို့ အင်တာနက်ဝန်ဆောင်မှုနှင့်ပတ်သက်သည့် ညွှန်ကြားထားသည့်အချက်များအတိုင်း ဆောင်ရွက် သွားရန် လိုအပ်ကြောင်း အသေးစိတ်ပြောကြားခဲ့ပါသည်။
DOCA (မန္တလေး)
