
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်တွင် အနယ်နယ်အရပ်ရပ်မှ တင်သွင်းလာသော စားဖို ဆောင်သီးနှံများနှင့် ဒေသတွင်းထွက်ရှိသောစိုက်ပျိုးသီးနှံများကို ရောင်းချလျက်ရှိပါသည်။ ကျန်းမာ ရေးအရသော်လည်းကောင်း၊ စီးပွားရေးအရသော်လည်းကောင်း အကျိုးဖြစ်ထွန်းစေသောကြောင့် စားဖိုဆောင်သီးနှံများလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး ရောင်းချလာကြပါသည်။ ရေလုပ်ငန်းများ သာမက ဥယျာဉ်ခြံလုပ်ငန်းများလည်း လုပ်ကိုင်ကြသော ဒေသတစ်ခုပင် ဖြစ်ပါသည်။
ကုန်စုံများရောင်းချလျက်ရှိသော မြိတ်မြို့ပေါ်ရှိ အောင်မင်္ဂလာဈေးပေါ်တွင် နိုဝင်ဘာလ ပထမပတ်တွင် ကန်စွန်းရွက်(၁)စည်း(၇၀၀)ကျပ်၊ ပဲတောင့်ရှည်(၁)စည်း(၆၀၀)ကျပ်၊ ခရမ်းချဉ်သီး (၁၀)သား (၆၀၀)ကျပ်၊ အာလူး(၁၀)သား(၁၀၀၀)ကျပ်၊ ချဉ်ပေါင်ရွက်(၁)စည်း(၅၀၀)ကျပ်၊ ကင်းပွန်း ချဉ်ရွက်(၁)စည်း(၅၀၀)ကျပ်၊ မန်ကျည်းရွက်(၁)စည်း(၅၀၀)ကျပ်၊ ခရမ်းသီး(၁၀)သား (၈၀၀) ကျပ်တို့ ဖြင့်ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှသိရှိရပါသည်။
DOCA(တနင်္သာရီ)
