
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်နေ တိုင်ကြားသူ တစ်ဦးသည် Online Page တစ်ခုထံမှ တာလီပုတီး ဝယ်ယူရာ တွင် ငွေကျပ် ၄၅,၀၀၀/- ကြိုလွှဲပေးထားသော်လည်း ပစ္စည်း ပေးပို့မှုမရှိသဖြင့် စားသုံးသူရေးရာဦးစီးဌာနသို့ Call Center (၁၅၃၅)မှတစ်ဆင့် ခေါ်ဆိုတိုင်ကြားလာပါသည်။
ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။ တိုင်ကြားမှုနှင့်ပတ်သက်၍ နေပြည်တော်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများက ပဏာမစုံစမ်းစစ်ဆေးရန် တိုင်ကြားသူသို့ ဆက်သွယ်မေးမြန်းခဲ့ရာတွင် မှာယူထားသော ပစ္စည်းရောက်ရှိလာသော်လည်း ပြထားသောပုံနှင့် ကွဲလွဲမှုရှိနေကြောင်း ပြောကြားခဲ့သဖြင့် Online Page သို့ ဆက်သွယ်ပြောကြားရာတွင် တိုင်ကြားသူ မှာယူထားသောပစ္စည်းကို ပြန်လည်ပေးပို့ပါက ငွေပြန်အမ်းပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဌာနမှ တာဝန်ရှိသူများက စားသုံးသူကာကွယ် ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်ဝတ္တရားများအကြောင်း အသိပညာပေး ပြောကြားခဲ့ပြီး နောက်နောင်ယခုကဲ့သို့ မဖြစ်စေရန် သတိပေးပြောကြားခဲ့ပြီး တိုင်ကြားသူသို့လည်း ဆက်သွယ်ပြောကြားကာ မှာယူထားသောပစ္စည်းအား ပြန်လည်ပေးပို့စေခဲ့ပြီး ငွေပြန်လည်အမ်းပေး ခဲ့သောကြောင့် ကျေနပ်မှုရှိသဖြင့် တိုင်ကြားမှုကို စားသုံးသူကာကွယ်ရေးဥပဒေအရ စေ့စပ်ညှိနှိုင်းခြင်းဖြင့် ဖြေရှင်းဆောင်ရွက်ခဲ့ပါသည်။
