
မြင်းခြံကုန်စည်ဒိုင်တွင် ပဲမျိုးစုံ၊ကြက်သွန်နီနှင့် ဆီထွက်သီးနှံမျိုးစုံ ရောင်းဝယ်လျက်ရှိ သည့်အနက် မိုးမြေပဲသီးနှံများကိုလည်း နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၌ မြေပဲလုံးဆံတစ်တင်းလျှင် (၁၁၄၈၀၀)ကျပ်၊ တစ်ပေါက်ကျ မြေပဲတစ်တင်းလျှင် (၁၁၀၅၀၀) ကျပ်၊ မြေပဲဆီဆံတစ်တင်းလျှင်(၁၀၇၀၀၀) ကျပ်ခန့်ပေါက်ဈေးများဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ယခင် အောက်တိုဘာလတွင် မြေပဲလုံးဆံတစ်တင်းလျှင် (၁၁၀၆၀၀)ကျပ်၊ တစ်ပေါက်ကျ မြေပဲတစ်တင်းလျှင် (၁၀၆၄၀၀) ကျပ်၊ မြေပဲဆီဆံ တစ်တင်းလျှင်(၁၀၃၆၀၀) ကျပ်ခန့်ပေါက်ဈေးများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ယခင်လနှင့် နှိုင်းယှဉ်ပါက ယခုလတွင် မြေပဲဆီဆံတစ်တင်းလျှင် (၄၂၀၀)ကျပ်၊ တစ်ပေါက်ကျမြေပဲဆံ တစ်တင်းလျှင် (၄၁၀၀) ကျပ်၊ မြေပဲဆီဆံတစ်တင်းလျှင် (၃၄၀၀) ကျပ်ခန့် ဈေးနှုန်းမြင့် တက်ခဲ့ ကြောင်း၊ အရောင်းအဝယ်ဖြစ်မှုအနေဖြင့် နေ့စဉ်အိတ်ရေ (၂၀၀-၃၀၀)အိတ်ခန့် အရောင်း အဝယ် ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်တင်ပို့မှုအနေဖြင့် ရန်ကုန်မြို့၊ မန္တလေးမြို့သို့တင်ပို့ကြောင်း၊ ယာဉ်သယ်ယူစရိတ် နှုန်းထားများအနေဖြင့် မြင်းခြံမြို့မှ ရန်ကုန်မြို့သို့ တင်ပို့ရာတွင် မြေပဲ တစ်တင်းခွဲတစ်အိတ်လျှင် (၃၈၀၀) ကျပ်ဖြစ်ကြောင်း၊ မြင်းခြံမြို့မှ မန္တလေးမြို့ သို့တင်ပို့ရာတွင် တစ်တင်းခွဲတစ်အိတ်လျှင်(၂၀၀၀) ကျပ်ခန့် နှုန်းထားများရှိကြောင်း ပွဲရုံလုပ်ငန်းလုပ်ကိုင်သူတစ်ဦး ပြောပြချက် အရသိရှိရသည်။
DOCA(မန္တလေး)
