ဖက်ဖယ်ရွက်အစွမ်း

Powered by Drupal

        ဖက်ဖယ်ရွက်သည် ကချင်ဟင်းလျာထဲတွင် မပါမဖြစ်သောအရွက်တစ်မျိုးဖြစ်သည်။ ဖက်ဖယ် ရွက်သည် နာကျင်ရောင်ရမ်းမှုကိုသက်သာစေနိုင်သော ကောင်းကျိုးများလည်းရှိပါသည်။ဖက်ဖယ်ရွက်ကိုစားပေးခြင်းဖြင့် အစာကြေစေနိုင်ခြင်း၊ အအေးမိတုပ်ကွေးဖြစ်ခြင်းကိုသက်သာ စေနိုင်ခြင်း၊ နှာစေး နှာပိတ်ကိုသက်သာစေခြင်း၊ အဆိပ်ရှိသောအကောင်များအကိုက်ခံရပါက အဆိပ်ပြေစေဖို့အတွက် အသုံးပြုပေးနိုင်ခြင်း၊ ဗိုက်အောင့်၊ ဗိုက်နာသက်သာစေနိုင်ခြင်း၊ဝမ်းပျက် ဝမ်းလျှောသက်သာစေနိုင်ခြင်း၊ ဝက်ခြံသက်သာစေခြင်း၊ အရေပြားကျန်းမာစေနိုင်ခြင်း၊ ဆီးချိုသက်သာစေနိုင်ခြင်း၊ အစာအိမ်ဝေဒနာကို သက်သာစေနိုင်ခြင်းနှင့် ဗောက်သက်သာစေနိုင်ခြင်းစသည့် ကျန်းမာရေးအကျိုးကျေးဇူးများကိုလည်း ရရှိစေနိုင်ပါသည်။ ဖက်ဖယ်ရွက်ကိုဟင်းခတ်အမွှေး အကြိုင်အဖြစ် စားသုံးလို့ရနိုင်သလို ချင်း(ဂျင်း)၊ ပျားရည်၊ ငရုတ်ကောင်းတို့နှင့်ရောစပ်ပြီးဆေးအဖြစ်လည်းမှီဝဲအသုံးပြုနိုင်ပါသည်။ ဖက်ဖယ်ရွက်ကို အရည်ကြိတ်၍ အသုံးပြုနိုင်ကြောင်း၊ မြင်းခြံမြို့ အေးမြသီတာဈေးတွင် ဖက်ဖယ်ရွက်ဈေးနှုန်းမှာတစ်စည်းလျှင် ( ၅၀၀ )ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)