ရွှေဘိုမြို့ရှိ ဈေးများတွင် ရောင်းချလျက်ရှိသည့် မန်ကျီးသီးစိမ်း၊ သင်္ဘောသီးမှည့်နှင့် သံပုရာယိုသီးဈေးနှုန်း/ဈေးကွက်

Powered by Drupal

    ရွှေဘိုမြို့ရှိဈေးများတွင် အသီးအနှံမျိုးစုံရောင်းချလျက်ရှိရာ မန်ကျီးသီးစိမ်း၊ သင်္ဘောသီးမှည့် နှင့် သံပုရာသီးများကိုလည်းရောင်းချလျက်ရှိပါသည်။ မန်ကျီးသီးစိမ်းမှာ ရာသီကုန်ဆုံးပြီဖြစ်၍ ရှားပါးရာ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (ဒုတိယ)ပတ်တွင်ဖြစ်ပေါ်နေသော မန်ကျီးသီးစိမ်းနုနို့ဆီဗူး (၁)ဗူးလျှင် (၁၀၀ဝိ/-)ကျပ်၊ ချဉ်ရေချိုသည့် မန်ကျီးသီးစိမ်းအရင့် လက်တစ်ပုံစာ (၁)ပုံလျှင် (၇၀ဝိ/-) ကျပ်၊ သင်္ဘောသီးမှည့် (၁)လုံးလျှင် အရွယ်အစားအကြီးအသေး ပေါ် မူတည်၍ (၁)လုံးလျှင် (၁၅၀ဝိ/-)ကျပ်မှ (၂၀၀ဝိ/-)ကျပ်၊ သင်္ဘောသီးမှည့်အစိတ် (၁)စိတ်လျှင် (၅၀ဝိ/-)ကျပ်ဖြင့် ရောင်းချပြီး၊ သံပုရာယိုသီးဈေးနှုန်းမှာ အရွယ်အစားအကြီးအသေးပေါ်မူတည်၍ (၁)လုံးလျှင် (၁၀ဝိ/-)ကျပ်မှ (၂၀ဝိ/-)ကျပ်၊ (၃)လုံးလျှင် (၅၀ဝိ/-)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်း ရောင်းချသည့် လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)