ဒိုက်ဦးမြို့၊ မြို့မ (၂) ရပ်ကွက်၊ (အ.လ.က ခွဲ) ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြော

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒိုက်ဦးမြို့နယ်တာဝန်ခံရုံးအနေဖြင့်   ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို  ကြိုးစားပမ်းစား ဆောင် ရွက်လျက်ရှိရာ ၇.၁၁.၂၀၂၅ ရက်နေ့တွင် ဒိုက်ဦးမြို့နယ်တာဝန်ခံ ဦးကျော်သက်မိုးနှင့် အငယ်တန်းစာရေး ဦးခွန်ကျော်ဝင်းထွန်းသည် ဒိုက်ဦးမြို့၊ မြို့မ (၂) ရပ်ကွက်၊ အောင်ချမ်းသာလမ်း  (အ.လ.က ခွဲ) တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

    ဒိုက်ဦးမြို့နယ်တာဝန်ခံ ဦးကျော်သက်မိုးနှင့် အငယ်တန်းစာရေး ဦးခွန်ကျော်ဝင်းထွန်းသည် မိတ်ဖက်ဌာနများဖြစ်ကြသော ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့နှင့်အတူ  (အ.လ.ကခွဲ)ကျောင်းတွင် ကျောင်း သား၊ ကျောင်းသူများအား စားသုံး သူကာကွယ်ရေး ဥပဒေပါ အချက်အလက်များအကြောင်း၊ စားသုံးသူ အခွင့်အရေး (၈)ချက်၊ စားသုံး သူပြည်သူများ၏ အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ ကုန် အညွှန်းအမှတ်အသား ဖော်ပြချက်နှင့် စပ်လျဉ်း၍ သိကောင်းစရာများကို ဟောပြောခဲ့ပါသည်။ အဆို ပါဟောပြောပွဲသို့ ဆရာ/ ဆရာမ ၁၀ဦး နှင့် ကျောင်းသား/ ကျောင်းသူ ၂၀၀ဦး တက်ရောက် နားထောင်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)