
မုံရွာမြို့၊ နန္ဒဝန်ဈေးသစ်တွင် အသား၊ ငါးများ၊ အသီးအရွက်များအပြင် ဖိုလ်ဝင်းတောင် ဒေသထွက် မျှစ်စိမ်းနှင့် မျှစ်ပြုတ်များလည်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနစ်၊ နိုဝင်ဘာလ ဒုတိယအပတ်တွင် မုံရွာမြို့၊ နန္ဒဝန်ဈေးသစ်တွင် မျှစ်စိမ်း (၅၀)ကျပ်သားလျှင်(၂၀၀၀)ကျပ်၊ တစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ မျှစ်ပြုတ် (၅၀)ကျပ်သား လျှင်(၃၀၀၀)ကျပ်၊ တစ်ပိဿာလျှင် (၆၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။
DOCA(စစ်ကိုင်း)
