မအူပင်မြို့နယ် ဈေးကွက်အတွင်းရောင်းချနေသော ခရမ်းချဉ်သီးဈေးနှုန်း အခြေအနေ

Powered by Drupal

         မအူပင်မြို့နယ် ဈေးကွက်အတွင်းတွင် ရန်ကုန်သီရိမင်္ဂလာဈေးမှ ခရမ်းချဉ်သီးများ မအူပင်မြို့နယ်သို့ လှိုင်လှိုင်ဝင်ရောင်လျက်ရှိပြီး ခရမ်းချဉ်းသီး ခြင်းပြတ်ဈေးနှုန်းမှာ ၁ပိဿာလျှင် ၂၀၀၀၀ကျပ်ဖြင့် ဝယ်ယူကြောင်း ချရမ်းချဉ်ရောင်းချသူများထံမှ သိရသည်။ မအူပင် ဈေးကွက်အတွင်း၌ ရောင်းချနေသော ဈေးနှုန်းမှာ ၁ပိဿာလျှင် ကျပ် ၃,၀၀၀၀ မှ ၂,၈၀၀၀ ဝန်းကျင်အထိ ရရှိနေသောကြောင့် သယ်ယူစရိတ်နှင့် လုပ်အားခ နှုတ်ပြီးသည့်တိုင် ခြင်းဖြတ်ဈေးထက် ပိုမိုအကျိုးအမြတ် ရနေခြင်းဖြစ်သည်။ ခရမ်းချဉ်သီးများကို လက်ကားရောင်းချမှုမှာ တစ်နေ့လျှင် ပိဿာချိန် ၂၀၀၀-၃၀၀၀အထိ ရောင်းချရကြောင်းနှင့် ဈေးကွက်အတွင်း ရောင်းချသူများ အကျိုးအမြတ်ရရှိ၍ အဆင်ပြေလျက်ရှိကြောင်းနှင့် ယခင် စက်တင်ဘာလ ဈေးဖြင့်နှိုင်းယှဉ်ပါက ဈေးနှုန်းကျဆင်းလာကြောင်း စက်တင်ဘာလက ဈေးကွက်အတွင်းတွင် ခရမ်းချဉ်သီးဈေးမှာ ၁ပိဿာလျှင် ၃၂၀၀၀-၃၅၀၀၀ကျပ်အထိ ဈေးမြင့်တက်ခဲ့ပြီး ယခုလတွင် ဈေးအနည်းငယ်ကျဆင်းလာကြောင်း ကုန်စိမ်းရောင်းချသူများထံမှ သိရှိရပါသည်။

DOCA (ဧရာဝတီ)