ညောင်တုန်းမြို့နယ်မှ ထွက်ရှိသော ဆန်နှင့် ဆန်ကွဲများ ရန်ကုန်တင်ပို့မှု အခြေအနေ

Powered by Drupal

           ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အနေဖြင့် မြို့နယ်များအပါအဝင် ၁၅တန်နှင့်အထက် ဆန်စက်အလုံးရေ (၄၈)လုံး ရှိပြီး စပါးကြိတ်ခွဲထွက်ရှိမှုမှ ဆန်များကို ရန်ကုန်တိုင်းဒေသကြီးသို့ အဓိကထား၍ စီးထွက်လျက်ရှိပြီး  ရန်ကုန်မှတဆင့် အခြားဒေသများသို့ နေ့စဉ် ပုံမှန် (စီးထွက်) လျက်ရှိကြောင်း သိရသည်။

          ညောင်တုန်းမြို့နယ် ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁လအတွင်း ဆန်တင်ပို့မှုအနေဖြင့်  ၁၁၈၅၀၀ အိတ်၊ တန်အားဖြင့် ၅၉၂၅ တန်နှင့်  ဆန်ကွဲအနေဖြင့် ၄၁၀၂၀ အိတ်၊ တန်အားဖြင့်၂၀၅၁ တန် တင်ပို့နိုင်ခဲ့ပြီး ယခင်လနှင့် တင်ပို့မှု အနေဖြင့် ဆန် ၁၃၆၅၅၀  အိတ် နှင့် တန်အားဖြင့်  ၆၈၂၇ တန်ကိုလည်းကောင်း၊ ဆန်ကွဲ ၄၂၂၉၂  အိတ်နှင့် တန်အားဖြင့် ၂၁၁၀ တန် တင်ပို့ခဲ့ကြောင်း ယခုလအနေဖြင့် ဆန်အိတ် ၁၈၀၅၀အိတ် လျော့နဉ်း တင်ပိုခဲ့ကြောင်းနှင့်  ဆန်ကွဲ ၁၂၇၂ အိတ် လျော့နည်း တင်ပို့နိုင်ခဲ့ကြောင်း ပန်းတိုင်စစ်ဆေးရေးဂိတ်စာရင်းများအရ သိရသည်။

           ဆန်များကို ရန်ကုန် သီလဝါ ဆိပ်ကမ်း၊ သံလျင်မြို့၊ ဆူးလေဆိပ်ကမ်း၊ ရွှေပြည်သာမြို့၊ ကျိုက်ဝိုင်းဈေး မရမ်းကုန်းမြို့၊ ကားကြီးဝန်း ဘုရင့်နောင်မြို့၊ ဇုန်-၃ လှိုင်သာယာမြို့ တို့သို့ လည်းကောင်း ဆန်ကွဲများကို စက်မှုဇုန်လုပ်ငန်းများသို့လည်းကောင်း နေ့စဉ်တင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)