
ငါန်းဇွန်မြို့နယ် မြစ်ကမ်းဘေးကျေးရွာများသည် ရေကျပြီး သီတင်းကျွတ်ရောက်လျှင် ဆောင်းပဲများ စတင်စိုက်ပျိုးကြပါသည်။ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ဆောင်းစွန်တာပြာပဲကို လျာထား ဧက(၄၀၀၅) ရှိပြီး ယခုအခါ စိုက်ပျိုးပြီးစီးမှုမှာ (၁၈၀၅)ဧက ရှိကြောင်း သိရသည်။ ယခင်နှစ် လျာထားဧက (၄၀၀၀)ဧက၊စိုက်ပျိုးဧက (၃၆၁၂)၊ အထွက်နှုန်းမှာ(၁၃.၀၀)တင်းနှင့် အထွက်တင်းပေါင်း (၄၆၉၅၆)တင်းရှိကြောင်း သိရသည်။ စိုက်ပျိုးသောမျိုးများမှာ မုံရွာအထွက်တိုးနီ မျိုးကိုသာ အဓိကစိုက်ပျိုးကြောင်း၊ ပေါ်ဦးပေါ်စအချိန် စွန်တာပြာတစ်ပိဿာဈေးနှုန်းမှာ (၃၇၀၀/၃၈၀၀)ကျပ်ရှိပြီး စိုက်ပျိုးမှုများသော ကျေးရွာများမှာ သားကျင်၊ ရေလည်သောင်၊ ကုလားရွာ၊မြောက်ကျွန်း၊ ထနောင်းပင်၊ အောက်ရိုး၊ ကံဘို စသည့် ရွာများဖြစ်ပြီး၊ စွန်တာပြာစိုက်ပျိုးမှုအနေဖြင့် နွားစာအတွက်လည်း ဖူလုံမှုရှိကြောင်း၊ ရောင်းချမှုအနေဖြင့် မန္တလေးမြို့သို့ တင်ပို့ရောင်းချကြောင်း သိရသည်။
DOCA (မန္တလေး)
