
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ မြို့မဈေးအတွင်းသို့ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ (စတုတ္ထပတ်) မှစတင်၍ပိန်းဥများ ဝင်ရောက်အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(ပထမပတ်)တွင် ပိန်းဥ(၁)ပိဿာလျှင် အလုံး(အကြီး၊ အသေး) အလိုက် ကျပ်(၃၀၀၀-၄၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်ပေါ်စအချိန် ဩဂုတ်လ (စတုတ္ထပတ်)တွင် (၁)ပိဿာလျှင် အလုံး(အကြီး၊ အသေး)အလိုက် ကျပ်(၅၀၀၀-၆၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကျပ်(၂၀၀၀)ဈေးနှုန်းကျဆင်းလာကြောင်း၊ ယခုအချိန်တွင် ပွင့်ဖြူမြို့နယ်အတွင်းရှိ ဥယျာဉ်ခြံများနှင့် အိမ်တွင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးသည့် ပိန်းဥများဝင်ရောက်လာသည့်အတွက် ဈေးနှုန်းမှာကျဆင်းလာခြင်းဖြစ်ကြောင်း သိရှိ ရသည်။
DOCA(မကွေး)
