
မန္တလေးတိုင်ဒေသကြီး၊ တံတားဦးခရိုင်၊ ငါန်းဇွန်မြို့နယ်သည် လယ်ယာစိုက်ပျိုးရေးကို လုပ်ကိုင် သော မြို့နယ်တစ်ခုဖြစ်ပြီး ဒေသခံများသည် ရာသီအလိုက် ပဲ၊ ပြောင်း၊ နှမ်း၊ ဝါ၊ ဂျုံနှင့် စားဖိုဆောင် သီးနှံများကို အဓိကထားစိုက်ပျိုးလုပ်ကိုင်ကြပါသည်။ စိုက်ပျိုးသီးနှံများမှ ဆီထွက်သီးနှံဖြစ်သော နှမ်း သီးနှံကို မိုးနှင့်ဆောင်းနှစ်ရာသီတွင်စိုက်ပျိုးလျက်ရှိရာ ယခင်နှစ်မိုးနှမ်းစိုက်ပျိုးရန် (၆၄၀၇၀) ဧက လျာထားခဲ့ပြီး၊ စိုက်ပျိုးမှုအနေဖြင့်(၆၇၈၄၀)ဧက စိုက်ပျိုးနိုင်ခဲ့ပါသည်။ စိုက်ပျိုးမှုမှာ ပက်ကျဲနှင့်တန်း စိုက်ဟူ၍ ရှိရာတွင် နေရာ ဒေသနှင့်မြေပေါ်မူတည်၍ ဒေသခံတောင်သူများမှာ ပက်ကျဲစိုက်ပျိုးမှုကိုသာ အများဆုံးစိုက်ပျိုးကြပြီး မျိုးအသုံးချမှုအနေဖြင့် တစ်ဧကလျှင်(၂)ပြည်ခန့် ထည့်သွင်းစိုက်ပျိုးကြပါ သည်။ တစ်ဧကပျမ်းမျှအထွက်နှုန်းအနေဖြင့် (၄.၃၅)တင်းထွက်ရှိခဲ့ပြီး ရာသီချိန်နှမ်းတစ်တင်းဈေး အနေဖြင့်(၉၅၀၀၀၊ ၁၀၀၀၀၀)ကျပ် ရှိခဲ့ပါသည်။ မိုးနှမ်းမှာ ဆောင်းနှမ်းနှင့်နှိုင်းယှဉ်လျှင် အထွက်နှုန်း ထက်ဝက်နီးပါးခန့်လျော့နည်းကြောင်း သိရသည်။ ယခုနှစ်တွင် မိုးနှမ်းကို စိုက်ပျိုးရန်လျာထားမှုအနေ ဖြင့်(၆၄၀၈၀)ဧကရှိပြီး၊ စိုက်ပျိုးပြီးစီးမှုမှ (၆၇၈၅၂) အထွက်နှုန်းမှာ တစ်ဧကလျှင် (၅.၀၂) တင်းထွက် ရှိပြီး အထွက်တင်းပေါင်း (၃၄၀၆၁၇)တင်းထွက်ရှိပါကြောင်း၊ မိုးနှမ်းစိုက်ပျိုးမှုအများဆုံးအနေဖြင့် ဘုရားထူးကျေးရွာ၊ ရွာသစ်၊ စီထိန်း၊ တမာပင်၊ အောက်ရိုး၊ ရွာသာ၊ နတ်စိမ်း၊ ထနောင်းပင်၊ မြို့သာ၊ သရက္ကန်၊ အောင်ချမ်းသာကျေးရွာနှင့်ကုန်းသာကျေးရွာ စသည့်ကျေးရွာများဖြစ်ပါသည်။ ယခုနှစ် နှမ်းမျိုးဈေးအနေဖြင့် တစ်ပြည်လျှင်(၁၀၀၀၀)ကျပ်ဈေးများရှိခဲ့ပြီး နှမ်းတစ်ဧကစိုက်ပျိုးမှုကုန်ကျစရိတ် အနေဖြင့် မျိုး၊မြေယာပြုပြင်မှု၊ သွင်းအားစု၊ လုပ်သားခများအပါအဝင် (၃၅၀၀၀၀)ကျပ်ဝန်းကျင်ခန့် ကုန်ကျမှုရှိပါသည်။ တောင်သူအကျိုးအမြတ်အနေဖြင့် (၂၀၀၀၀၀)ကျပ်ဝန်းကျင်သာ ရှိပြီး နွားစာရှားပါး သည့် ဒေသများဖြစ်သည့်အတွက် အကျိုးအမြတ်နည်းပါးသော်လည်း တစ်ဖက်မှလည်းနွားစာ ရရှိသဖြင့် နှစ်စဉ်စိုက်ပျိုးလျက်ရှိပါသည်။ တစ်ချို့ကျေးရွာများသည် နွားစာအတွက် ကျောက်ဆည်၊ မြစ်သားဒေသ ဘက်မှ နှမ်းပေါ်ချိန်ထွက်ပေါ်သော နှမ်းရိုးများကို သယ်ယူစရိတ်အကုန်အကျခံ၍ သယ်ယူကျွေးမွေးရပါ သည်။ ဒေသထွက်နှမ်းများကို ရောင်းဝယ်မှုဈေးကွက်အနေဖြင့် မန္တလေးမြို့နှင့် ကျောက်ဆည်မြို့များသို့ တောင်သူများကိုယ်တိုင် ဈေးဝယ်လိုက်ရင်းဖြင့်သော်လည်းကောင်း၊ ကားတင်ပေး၍သော်လည်းကောင်း အများဆုံးရောင်းချကြပါသည်။ တောင်သူများအတွက် သီးနှံစိုက်ပျိုးရာတွင် ရာသီဥတုကောင်းမွန်ရန် လိုအပ်သလို ရေခံမြေခံနှင့်မျိုးစေ့များလည်း ကောင်းမွန်၍ ဈေးကွက်ခိုင်မာမှုရှိမှသာ သင့်တင့်လျှောက် ပတ်သော အကျိုးအမြတ်များရရှိနိုင်မည်ဖြစ်ပါသည်။
DOCA (မန္တလေး)
