မြင်းခြံမြို့၏ သီးနှံဈေးနှုန်းများ

Powered by Drupal

          မြင်းခြံမြို့သည် စိုက်ပျိုးရေးကို အခြေခံသောမြို့နယ်တစ်ခုဖြစ်ပြီး နှမ်း၊ မြေပဲ၊ နေကြာ၊ ပဲစဉ်းငုံ၊ ဝါ၊ ပဲတီစိမ်း၊  ပဲပုတ်၊ ကုလားပဲ စသည့်ဖြင့် သီးနှံမျိုးစုံစိုက်ပျိုးကြရာ ယခုအခါ နိုဝင်ဘာလဆန်းပိုင်းတွင် အများဆုံးအရောင်းအဝယ် ဖြစ်သော သီးနှံမှာ မြေပဲသည်သာ အများဆုံးဖြစ်ကြောင်းသိရပါသည်။ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ပထမပတ်တွင် ဖြစ်ပေါ်နေ သော သီးနှံဈေးနှုန်းများမှာ ပဲစဉ်းငုံ တစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ ကုလားပဲ (V2) တစ်ပိဿာလျှင် (၄၁၅၀) ကျပ်၊ ပဲဇီးကွက် တစ်ပိဿာလျှင် (၅၇၀၀  မှ  ၆၂၀၀)ကျပ် ၊ ပဲပုတ် တစ်ပိဿာလျှင် (၆၄၀၀ မှ ၆၅၀၀) ကျပ်၊ မြေပဲလုံးဆံ တစ်ပိဿာလျှင် (၈၀၀၀ မှ ၈၂၀၀ ) ကျပ်၊ ပြန့်လုံးဆံ တစ်ပိဿာလျှင်( ၈၁၀၀ မှ ၈၂၀၀ ) ကျပ်၊ ဒေသအခေါ် တပေါက်ကျ တစ်ပိဿာလျှင် (၇၈၅၀ မှ ၇၉၀၀ )ကျပ်၊ ဆီဆံ တစ်ပိဿာလျှင် (၇၆၀၀ မှ ၇၆၅၀ ) ကျပ်၊ နှမ်းညို တစ်ပိဿာလျှင် ( ၅၉၀၀ မှ ၆၀၀၀) ကျပ် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။

DOCA (မန္တလေး)