မြိတ်မြို့ပေါ်ရှိ သခွားသီးဈေးနှုန်း

Powered by Drupal

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်တွင် ဒေသထွက်ကုန်များ၊ ရေထွက်ကုန်များနှင့် စိုက် ပျိုးသီးနှံများကို တစ်နိုင်တစ်ပိုင်ရောင်းချလျက်ရှိပါသည်။ သခွားသီးသည်အများအားဖြင့် တနင်္သာရီ မြို့မှ ဝင်ရောက်လျက်ရှိပြီး ဒေသတွင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိသည်။ ယခုဆောင်းဦး အစတွင် လတ်ဆတ်သော စားဖိုဆောင်သီးနှံများ အများအပြားရောင်းချလျက်ရှိရာမှ သခွားသီးသည်လည်း အရောင်းသွက်သောသီးနှံတစ်ခုဖြစ်ပါသည်။

      မြိတ်မြို့ပေါ်ရှိစျေးများတွင် သခွားသီးဈေးနှုန်းစုံစမ်းချက်အရ အောက်တိုဘာလတွင် အကြီး တစ်လုံး (၁၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိရာမှ ယခုနိုဝင်ဘာလ ပထမပတ်တွင် အကြီးတစ်လုံးလျှင် (၁၀၀၀) ကျပ်ဖြင့်ရောင်းချလျက်ရှိသည့်အတွက် ကျပ် (၅၀၀)ခန့် ဈေးနှုန်း ကျဆင်းသွားကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)