
ကျောက်ပန်းတောင်းမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၃၁)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ် ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ(၃၁)ရက်နေ့ စက်သုံးဆီ တစ်လီတာ အရောင်း ဈေးနှုန်းများအနေဖြင့် 92 Octance(၂၈၅၀)ကျပ်၊ 95 Octance(၂၉၇၀)ကျပ်၊ ရိုးရိုးဒီဇယ် (၂၆၀၅)ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၁၃၀)ကျပ်ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၃၁-၁၀-၂၀၂၅ ရက်နေ့တွင်ထုတ်ပြန်ထားသည့် မန္တလေးတိုင်းဒေသကြီးအတွင်း စက်သုံးဆီတစ်လီတာ၏ သတ်မှတ် ရည်ညွှန်းဈေးများမှာ 92 Octance(၂၈၁၅)ကျပ်၊ 95 Octance(၂၉၁၅)ကျပ်၊ ရိုးရိုးဒီဇယ်(၂၅၇၀)ကျပ်၊ ပရီမီယမ်ဒီဇယ်(၃၁၀၀)ကျပ်ဖြစ်ကြောင်း သိရှိရသည်။ သတ်မှတ်ရည်ညွှန်းဈေးများသည် ယခင် အပတ်ထက် တစ်လီတာလျှင် 92 Octanceတွင်(၃၅)ကျပ်၊ 95 Octanceတွင်(၄၀)ကျပ်၊ ရိုးရိုးဒီဇယ် တွင် (၇၅)ကျပ်နှင့် ပရီမီယမ်ဒီဇယ်တွင်(၉၀)ကျပ်တို့ အသီးသီး ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း သိရှိရ သည်။
DOCA (မန္တလေး)
