ရေထွက်ကုန် ပုဇွန်ခြောက်စျေးနှုန်း စျေးကွက်

Powered by Drupal

     မြိတ်ခရိုင်သည် ပင်လယ်ရေပတ်လည်ဖြင့်ဝန်ရံလျက်ရှိပြီး ရေထွက်ကုန်ပစ္စည်းများ အဓိက ထွက်ရှိသော ဒေသတစ်ခုဖြစ်သည်။ ‌ရေထွက်ကုန်များထဲမှ ပုဇွန်ခြောက်သည် စျေးကောင်းရလျက် ရှိပြီး ဒေသထွက်လက်ဆောင်ပစ္စည်းအဖြစ် ထင်ရှိလျက်ရှိပါသည်။ ပုဇွန်ခြောက်ပြုလုပ်ရာတွင် ပုဇွန် များကို သန့်ရှင်း၍အပူဖြင့် ခြောက်သွေ့စေခြင်းဖြင့် ရရှိသော ထုတ်ကုန်ဖြစ်ပြီး အစားအသောက် အတွက်သာမက စီးပွားရေးအတွက်လည်း အရေးကြီးသော ကုန်ပစ္စည်းတစ်မျိုး ဖြစ်သည်။

     မြိတ်ခရိုင်တွင် ပုဇွန်ခြောက်ထုတ်လုပ်မှုသည် ရိုးရာနည်းဖြင့် အများအားဖြင့် လုပ်ဆောင် ကြပြီး အရည်အသွေးနှင့် အရသာကို ပိုမိုကောင်းမွန်လျက်ရှိသည်။ မြိတ်ခရိုင်တွင် ပုဇွန်ခြောက်သည် မိသားစုစီးပွားရေး၊ ဒေသခံ ငါးဖမ်းသမားများ၏ အဓိကဝင်ငွေတစ်ရပ်အဖြစ်လည်း အရေးကြီးပြီး၊ ဒေသအတွင်း စားသောက်ကုန်များတွင် ထည့်သွင်းအသုံးပြုမှုများပြားသည်။ မြိတ်ခရိုင်တွင် ပုဇွန် ခြောက် တစ်ပိဿာလျှင်(၁၂၅၀၀၀) ကျပ်နှင့် (၄၀) ကျပ်သား လျှင် (၄၁၃၀၀)ကျပ်ဖြင့်ရောင်းချ လျက်ရှိပြီး ရန်ကုန်နှင့် အခြားဒေသများသို့ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)