
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်သည် မြန်မာနိုင်ငံတောင်ပိုင်းတွင် တည်ရှိသော မြို့တစ်မြို့ ဖြစ်သည့်အပြင် သဘာဝပင်လယ်နှင့် တောင်တန်းများဖြင့် ဝန်းရံလျက်ရှိပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ငပိထုတ်လုပ်မှုတို့ဖြင့် နာမည်ကျော်နေသောဒေသတစ်ခုဖြစ်သည်။ မြိတ်ခရိုင်အတွင်းရှိ ငပိလုပ်ငန်းသည် ဒေသခံများ၏ အသက်မွေးမှုများထဲမှ အရင်းအမြစ်တစ်ခုဖြစ်ပြီး မိမိတို့ဖမ်းသည့် ဂွေး (ပုဇွန် ငယ်)များကို သဘာဝနည်းလမ်းဖြင့် သန့်ရှင်းစွာအသုံးပြုပြီး ငပိထုတ်ကုန် စီးပွားရေးအဖြစ် ထုတ်လုပ်ရာတွင် ထင်ရှားပါသည်။
မြိတ်ဒေသ၏ ငပိများမှာ သန့်ရှင်းမှုကောင်း၊ အရသာအထူးရှိသဖြင့် ပြည်တွင်းဈေးကွက်နေရာ အနံ့သို့ တင်ပို့ရောင်းချလျက်ရှိသည်။ ငပိလုပ်ငန်းသည် မြန်မာ့ရိုးရာ အစားအစာ တစ်ခုအဖြစ်သာမက ဒေသခံအဖွဲ့အစည်းများ၏ လူမှုယဉ်ကျေးမှုဘဝ ဆက်နွယ်နေသော အရေးပါသောလုပ်ငန်းတစ်ရပ် ဖြစ်သည်။ ငပိအမျိုးအစားပေါ်မူတည်၍ စျေးနှုန်းကွဲပြားလျက်ရှိကြောင်း သိရှိ ရပါသည်။
မြိတ်ခရိုင်တွင် နိုဝင်ဘာလအတွင်း ငပိတစ်ပိဿာစျေးနှုန်းမှာ ၁၀၀၀၀ ကျပ်၊ ပသျူးငပိ (မျှင် ငပိ) တစ်ပိဿာစျေးနှုန်းမှာ ၁၁၀၀၀ ကျပ် ဖြစ်ပြီး အကောင်းစား ပသျူးငပိ (မျှင်ငပိ) တစ်ပိဿာ စျေးနှုန်းမှာ စျေးနှုန်းမှာ ၁၅၀၀၀ကျပ်ရှိကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
