မုံရွာမြို့၊ ချင်းတွင်းရတနာဈေးတွင် ရောင်းချနေသော မန်ကျည်းသီးအစိမ်းနှင့် မန်ကျည်းသီးအမှည့်ဈေးနှုန်း

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းရတနာဈေးတွင် အသား၊ ငါးများအပြင် ဒေသထွက်အသီးအရွက်များဖြစ်သည့်   မန်ကျည်းသီးအစိမ်းနှင့် မန်ကျည်းသီးအမှည့်များကိုလည်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်တွင်  ချင်းတွင်းရတနာဈေးတွင် ဖြစ်ပေါ်နေသော  မန်ကျည်းသီးအစိမ်းဈေးနှုန်းမှာ  နို့ဆီဘူး (၁)ဘူးလျှင် (၇၀၀)ကျပ်၊ တစ်ပြည်လျှင် (၅၀၀၀)ကျပ်ဖြင့် လည်းကောင်း၊ မန်ကျည်းသီးအမှည့်ဈေးနှုန်းများမှာ မန်ကျဉ်းသီးမှည့် အစေ့လွတ် (၁) ပိဿာလျှင် (၇၀၀၀) ကျပ် မှ (၇၅၀၀) ကျပ် ၊ မန်ကျဉ်းသီးမှည့်အစေ့ပါ(၁) ပိဿာလျှင် (၅၀၀၀) ကျပ်မှ (၅၅၀၀) ကျပ်ဖြင့်  ရောင်းချလျက်ရှိကြောင်း  သိရှိရပါသည်။

DOCA(စစ်ကိုင်း)