ကန့်ဘလူမြို့သစ်သီးဈေးကွက်ရှိ ရွှေသခွားမွှေးသီးနှင့် ကျောက်သခွားမွှေးသီး

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့မဈေးရှိ သစ်သီးဈေးကွက်တွင် စပျစ်သီး၊ လိမ္မော်သီး၊ ပန်းသီး၊ ဖရဲသီး၊ ပန်းသစ်တော်သီးများနှင့် သခွားမွှေးသီးများ ရောင်းချလျက်ရှိပြီး ရွှေသခွားမွှေးသီးနှင့် ကျောက်သခွားမွှေးသီးများကို မြစ်ကြီးနားမြို့နှင့် မန္တလေးမြို့တို့ရှိ သစ်သီးပွဲရုံ များမှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရသည်။

      ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့ သစ်သီးဈေးကွက်တွင် ရွှေသခွား မွှေးသီးအကြီး(၁)လုံးလျှင် (၈၀၀၀)ကျပ်၊ အသေး(၁)လုံးလျှင်(၅၀၀၀)ကျပ်နှင့် ကျောက်သခွားမွှေးသီးအကြီး(၁)လုံးလျှင် (၁၀၀၀၀)ကျပ်နှင့် အသေး(၁)လုံးလျှင် (၆၀၀၀)ကျပ်ဈေးနှုန်းတို့ ဖြင့်ရောင်းချ လျက်ရှိရာ ယခုနိုဝင်ဘာလ ပထမပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ဒုတိယပတ်အတွင်း ရွှေသခွားမွှေးသီး(၁)လုံးလျှင်(၁၀၀၀)ကျပ်နှင့် ကျောက်သခွားမွှေးသီး(၁)လုံးလျှင် (၅၀၀)ကျပ်ပြန်လည်မြင့်တက်လာကြောင်း သစ်သီးရောင်းချသူများထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)