မြင်းခြံကုန်စည်ဒိုင်တွင် ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ပြောင်းနှင့် ကြက်သွန်နီသီးနှံမျိုးစုံ နေ့စဉ်အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း၊ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလနောက်ဆုံးပတ်တွင် မြေပဲလုံးဆံ တစ်တင်းလျှင် (၁၁၀၀၀၀)ကျပ်၊ ဆီဆံတစ်တင်းလျှင်(၁၀၀၀၀၀)ကျပ်၊ နှမ်းဖြူတစ်တင်းလျှင် (၁၀၅၀၀၀)ကျပ်၊ နှမ်းညိုတစ်တင်းလျှင် (၉၂၀၀၀)ကျပ်၊ ဆီနေကြာတစ်တင်းလျှင် ()ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း၊ နေ့စဉ်အိတ်ရေ (၂၀၀-၃၀၀) အိတ်ခန့်အရောင်း အဝယ်ပြုလုပ်ကြကြောင်း၊ တင်ပို့မှုအနေဖြင့် လှိုင်သာယာမြို့၊ ရွှေပြည်သာမြို့နှင့် မန္တလေးမြို့များသို့ တင်ပို့ရောင်းချကြ ကြောင်းသိရှိရသည်။ အရောင်းအဝယ်ပြုလုပ်ရာတွင် ကုန်စည်ဒိုင်၏ စည်းမျဉ်းစည်ကမ်းများအတိုင်း အရောင်းအဝယ်ပြုလုပ်ကြကြောင်း ပွဲရုံလုပ်ကိုင်သူတစ်ဦး ပြောပြချက်အရသိရှိရသည်။
DOCA (မန္တလေး)
