
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံစားကုန်ဈေးနှုန်းများကိုလည်း အပတ်စဉ်တင်ပြလျက်ရှိကြောင်း ၂၀၂၅ခုနှစ်၊ အောက်တို ဘာလ စတုတ္ထပတ်တွင် မြင်းခြံမြို့စားသုံးဆီလက်လီလက်ကား အရောင်းဆိုင်များ၌ ရောင်းချ နေသော စားအုန်းဆီလက်လီတစ်ပိဿာလျှင် (၇၇၄၀)ကျပ်၊ လက်ကားတစ်ပိဿာလျှင် (၇၄၉၀) ကျပ် သင့်တင့်မျှတသောနှုန်းထားများဖြင့် ရောင်းချလျက်ရှိကြောင်း၊ မြေပဲဆီတစ်ပိဿာလျှင် (၁၅၀၀၀) ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် (၁၆၀၀၀) ကျပ်ခန့်ပေါက်ဈေးများဖြင့်ရောင်းချကြောင်း၊ ယခင်လထက် ယခုအောက်တိုဘာလနောက်ဆုံးပတ်တွင် စားအုန်းဆီဈေးနှင့် မြေပဲဆီ၊နှမ်းဆီ ဈေးနှုန်းများမှာ ကျဆင်းလျက်ရှိကြောင်း စားသုံးဆီလက်လီ၊ လက်ကား အရောင်းဆိုင်များမှ သတင်းရရှိသည်။
DOCA (မန္တလေး)
