ညောင်ဦးမြို့နယ်ရတနာဆန်လက်လီလက်ကားအရောင်းဆိုင်သို့ကွင်းဆင်းခြင်း

Powered by Drupal

           စားသုံးသူရေးရာဦးစီးဌာန၊‌ညောင်ဦးခရိုင်တာဝန်ခံဦးတင်မျိုးခိုင်(ဦးစီးအရာရှိ)က ဦးဆောင်၍ ညောင်းဦးမြို့နယ် မဏိစည်သူဈေးတိုက်တန်းရှိ ဆန်လက်လီလက်ကားရောင်းချသော ရတနာဆန် ဆိုင်သို့ (၃၁-၁၀-၂၀၂၅)ရက်နေ့ နံနက်(၀၉ နာရီ ၃၀မိနစ်)အချိန်တွင် မြို့နယ်စည်ပင်သာယာရေး ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရသည်။ 

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာ၌ ရတနာဆန်လက်လီလက်ကား အရောင်းဆိုင်တွင် ရောင်းချနေသော ဆန်အမျိုးအစားများမှာ ရွှေဘိုပေါ်ဆန်း (၂၄)ပြည်တစ်အိတ်လျှင် (၁၅၀၀၀၀)ကျပ်၊ဧရာမင်း(၂၄)ပြည်တစ်အိတ်လျှင်(၁၃၅၀၀၀)ကျပ်၊ မနောသုခဆန်(၂၄)ပြည်တစ်အိတ် လျှင်(၈၃၀၀၀)ကျပ်၊ ဧည့်မထဆန်(၂၄)ပြည် တစ်အိတ်လျှင်(၇၅၀၀၀)ကျပ်ဖြင့် သင့်တင့်မျှတ သောဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်းစစ်ဆေးတွေ့ရှိရပြီး၊ ရတနာဆန်ဆိုင်ပိုင်ရှင်အား ဈေးကွက်အတွင်းဆန်များ ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး၊ ဈေးနှုန်းများ တည်ငြိမ်စေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ရန်၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်းခြင်းများ မပြုလုပ်ရန်နှင့် ဆန်သိုလှောင်ရုံ မှတ်ပုံတင်သက်တမ်းပြည့်ပါက My RO တွင်ဆက်လက်မှတ်ပုံတင် သက်တမ်းတိုးသွားရန် စသည်တို့ကိုဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရသည်။

DOCA (မန္တလေး)