ဓနုဖြူ မြို့နယ် အ.မ.က(ရေတွင်းကုန်း)အခြေခံပညာမူလတန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း

Powered by Drupal

  ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ရေတွင်းကုန်းကျေးရွာအုပ်စု၊ ရေတွင်းကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြော ပွဲကို မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ တို့နှင့် ပူးပေါင်း၍ အသိပညာပေးဟောပြောခဲ့ကြသည်။

   အဆိုပါ ဟောပြောပွဲတွင် ဦးခိုင်လွမ်းမိုး အကြီးတန်းစာရေးက စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်းကို ရှင်းလင်းဆွေးနွေးခြင်း၊ စားသုံးသူပြည်သူများ၏ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်ပစ္စည်းအမျိုးအစားပေါ်မူတည်၍ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ၊အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် အွန်လိုင်းရောင်းဝယ်ခြင်းဆိုင်ရာများ၊ စားသုံးသူအကာအကွယ်ပေးရေးဥပဒေအရ ကုန်စည်နှင့်ဝန်ဆောင်မှုကို တိုက်ရိုက်သုံးစွဲသူပြည်သူအများရရှိခံစားရမည့်အကျိုးကျေးဇူးများ၊ Consumer Call Center (1535)သို့ ဆက်သွယ်၍ စားသုံးသူရေးရာနှင့်ပတ်သက်ပြီး ဆွေးနွေးမေးမြန်းခြင်း၊ တိုင်ကြားနိုင်ခြင်း စသည့်အကြောင်းအရာတို့ကို ရှင်းလင်းဟောပြောခဲ့ပြီး ဟောပြောပွဲသို့ တက်ရောက်သူ ကျောင်းသား/ကျောင်းသူ-၂၁၇ဦး၊ ဆရာ/ဆရာမ (၅)ဦး စုစုပေါင်း ၂၂၂ဦး တက်‌ရောက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။

DOCA (ဧရာဝတီ)