ပန်းတနော် မြို့နယ် လုပ်ငန်းအမျိုးအစားအလိုက် လစဉ် ဆီခွဲတမ်းများ စနစ်တကျထုတ်ယူပြီး သတ်မှတ်နေရာများသို့ အမှန်တကယ်ရောက်ရှိရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိ

Powered by Drupal

  ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အနေဖြင့် အောက်တိုဘာလ လုပ်ငန်းအမျိုးအစားအလိုက် စားအုန်းဆီရရှိမှုများကို သတ်မှတ်ရက်များအတွင်း ရောက်ရှိပြီး ဆီထုတ်ယူမှုကို ကိုယ်စားလှယ်များမှ စနစ်တကျထုတ်ယူ၍ မြို့နယ်အတွင်း ခွဲဝေဖြန့်ဖြူးခြင်း များကို မှန်ကန်မှု ရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိပါသည်?

    အဆိုပါ ကွင်းဆင်းကြပ်မတ်ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆီကိုယ်စားလှယ်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ် စစစ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အခြားသောမိတ်ဖက်ဌာနဆိုင်ရာများပါ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ပန်းတနော်မြို့နယ်အနေဖြင့် မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးမှူးရုံး၏ လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ စားအုန်းဆီကုမ္ပဏီမှ ၃ခုမှ တဆင့် ပုသိမ်မြို့မှ စနစ်တကျခွဲဝေပြီး အောက်တိုဘာလ ၏  ၂ ကြိမ် ခွဲတမ်းရရှိပြီး လုပ်ငန်းရှင် ၁၂၉ ဦးရှိပြီး ၁၅၈၄၀ ပိဿာ စုစုပေါင်း ခွဲတမ်းရစားသုံးဆီ(၁၄၄)ပေပါ တန် (၂၅.၈၈)တန် ရောက်ရှိမှုအား သတ်မှတ်ရက်အတွင်း ရောက်ရှိမှုအပေါ် စနစ်တကျထုတ်ယူပြီး ဖြန့်ဖြူးရောင်းချရန် အမှန်တကယ်နေရာများ ရောင်းရှိမှု ရှိစေရေးကို  စိစစ်ကြပ်မတ် စစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များထံနှင့် ပြည်သူများထံ ရောက်ရှိရေး ဆောင်ရွက်ခဲ့ကြောင်း ၂၀၂၅ခုနှစ် နိုဝင်ဘာလအတွက် ရရှိရန် လုပ်ငန်းသုံးဆီအမျိုးအစားအလိုက် တင်ပြဆောင်ရွက်ရမည့် စာရင်းများကို ကိုယ်စားလှယ်များ၊ လိုအပ်ချက် လုပ်ငန်းများအတွက် တင်ပြလျောက်ထားသူများ ရှိမရှိ စိစစ်ပြီး မအူပင်ခရိုင်ဦးစီးမှူးရုံးသို့ ဆက်လက်တင်ပြပြီး မြို့နယ်ဦးစီးမှူးရုံးအနေဖြင့် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခြင်းလုပ်ငန်းများကို အပတ်စဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

DOCA (ဧရာဝတီ)