
မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များနှင့် အစားအသောက်ပြုလုပ်ရောင်းချသည့် ဆိုင်များအနေဖြင့် ဝန်ဆောင်မှုနှင့် ပတ်သက်၍ ကောင်းမွန်သောဝန်ဆောင်မှုပေးနိုင်ရေး ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ရောင်းချစေရေးအတွက် ကွင်းဆင်းစစ်ဆေးပညာပေးခြင်းကို ၁၀-၁၁-၂၀၂၅ ရက်နေ့ နံနက် ၉ နာရီ က မြို့နယ်မှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ နှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ က စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် အစားအသောက်ပြုလုပ်ရောင်းချသည့် ဆိုင်များသို့ ကွင်းဆင်း၍ စားသုံးသူများ ဝယ်ယူခြင်းမပြုမီ စားသောက်ကုန်တန်ဖိုးများကို ကြိုတင်အသိပေးကြော်ငြာထားခြင်း ရှိမရှိ၊ အခွန်ပါရှိပါက ကိုတိငသတိပေးထားခြင်း ရှိမရှိ၊ မှာယူမှုများကို အချိန်နှင့် တပြေးညီဝန်ဆောင်မှု ပေးနိုင်ရန်နှင့်၊ အစားအသောက်ချက်ပြုတ်ရာတွင် သန့်ရှင်းသော သားငါး၊ ဟင်းသီးဟင်းရွက်များကို ချက်ပြုတ်ရန်၊ ဆိုင်ဝန်ထမ်းများ ကျန်မားရေးစစ်ဆေးချက်များဖြင့် ပြုလုပ်ဆောင်ရွက်ပေးထားနိုင်ရန် အစရှိသည့် စားသောက်ဆိုင်များအနေဖြင့် အထက်ပါညွှန်ကြားချက်အတိုင်း လိုက်နာခြင်း ရှိ/မရှိကို သက်ဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က နေ့စဉ်ကွင်းဆင်းစစ်ဆေးသွားမည်ဖြစ်ပြီး လိုက်နာခြင်းမရှိသည့် ဆိုင်များကို သက်ဆိုင်ရာဌာနများ၏ ဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
DOCA (ဧရာဝတီ)
