
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် တွင် မြစ်ချောင်းများမှ ဖမ်းယူရရှိသော ငါးများကို ငါးပိပြုလုပ်၍ မြို့နယ်အတွင်း ရောင်းချလျက်ရှိပါသည်။ ထွက်ရှိသော ငါးပိများမှ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်း စေရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေးအတွက် ဇာနများမှ ကွင်းဆင်း ကြပ်မတ်ဆောင်ရွက်လျက်ရှိပါသည်။
ငါးများကို မြို့နယ်အတွင်းမှ ထွက်ရှိသော ရေချိုငါးများဖြင့် ပြုလုပ်ကြောင်း လုပ်ငန်းရှင်က ရှင်းပြသည်။ အဆိုပါ ငါးကုန်ကြမ်းများကို ဆားနှင့်နယ်ပြီး ထမင်းဖြင့်အချဉ်သိပကြာ အိုးထဲတွင် (၄-၅) လခန့် သိုလှောင်ရပြီး ထွက်ရှိလာသော ငါးပိများကို မြို့နယ်အတွင်းသို့ ရောင်းချကြောင်း၊ ငါးပိကို အကောင်သေးပြုလုပ်ရာတွင် ငါးခုံးမ၊ ငါးဘဲငါးလေးများဖြင့် ပြုလုပ်ပြီး၊ ငါးအကောင်ကြီး ငါးပိကို ငါးရံ့ဖြင့် ပြုလုပ်ကြောင်း’၊ ဈေးကွက်အတွင်းသို့ ရောင်းချသည့်အခါ နိုဝင်ဘာလဈေးအနေဖြင့် ငါးအကောင်သေး ငပိ ၁ပိဿာ ၇၀၀၀-၈၀၀၀ကျပ်၊ ငါးအကောင်းကြီး ၁ပိဿာ ၁၀၀၀၀-၁၂၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး ယခင် လများဖြစ်သော ဩဂုတ်၊ စက်တင်ဘာလများက ငါးပိဈေးနှုန်းများမှာ အကောင်သေး ၁ပိဿာ ၄၀၀၀-၅၀၀၀ကျပ်နှင့် အကောင်ကြီး ၁ပိဿာ ၈၀၀၀ကျပ် သာရှိပြီး ယခုရောင်းချသော ငါးပိများမှာ ဧပြီလသိပ်ငါးများကို ထုတ်ယူရောင်းချ၍ ဈေးကောင်းမွန်လျက်ရှိ ကြောင်း ဈေးကွက်အတွင်းနှင့် ငါးပိလုပ်သူလုပ်ငန်းရှင်ထံမှ သိရသည်။ ဈေးကွက်အတွင်းရောင်းချနေသော ငါးပိများကို မိတ်ဖက်ဌာနများနှင့်အတူ ကွင်းဆင်းစစ်ဆေး၍ နမူနာ ယူစစ်ဆေးခြင်း၊ ဓါတုကင်းစင်စွာ အသုံးပြုရောင်းချနိုင်ရေး စစ်ဆေးဆောင်ရွက်ခြင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
DOCA (ဧရာဝတီ)
