
၁၀.၁၁.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မွန်ပြည်နယ်ဆန်စပါးသိုလှောင်ရုံစစ်ဆေးရေးလုပ်ငန်းအဖွဲ့နှင့်ပူးပေါင်း၍ သံဖြူဇရပ်မြို့နယ်၊ နှစ်ကိုင်းကျေးရွာရှိ ပြုံးကမ္ဘာဆန်စက်နှင့် ဦးကြည်လိန်ဆန်စက်တို့အား ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ဆန်သိုလှောင်ရုံများအား MyRO တွင် မှတ်ပုံ တင်နိုင်ရေး၊ သက်တမ်းတိုးရေး၊ ကုန်ရ၊ ကုန်ထုတ်၊ လက်ကျန်စာရင်းများကို သတ်မှတ်ရက် အတွင်း အချိန်မီထည့်သွင်းနိုင်ရေး အသိပညာပေးဆွေးနွေးခဲ့ပြီး မြေပြင်ဆန်လက်ကျန်များ အား စာရင်းကောက်ယူခဲ့ကြကြောင်း သိရှိရပါသည်။
DOCA (မွန်)
