သထုံခရိုင်အတွင်းရှိမြို့နယ်များတွင် နိုဝင်ဘာလ၏ ပထမအပတ်တွင် စပါး၊ ဆန် စျေးနှုန်းမှာ တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။ သထုံခရိုင်အတွင်းမှ အခြားတိုင်း ဒေသကြီး နှင့် အခြားခရိုင်မြို့နယ်များသို့ ဆန်စီးထွက်မှုနှုန်းမှာ မော်လမြိုင်သို့ (၂၃၀၀) အိတ်ခန့်၊ ကရင် ပြည်နယ်သို့ (၂၁၀၀) အိတ်ခန့်၊ စုစုပေါင်း (၄၄၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၂၁၂) တန် စီးထွက်ခဲ့ပါသည်။ ယခုနိုဝင်ဘာလ၏ ပထမအပတ်တွင် မော်လမြိုင်သို့ (၂၃၀၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၂၀၀၀) အိတ်ခန့်၊ စုစုပေါင်း (၄၃၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၂၀၇)တန်ခန့် စီးထွက်ခဲ့ပြီး ယခင်နောက်ဆုံးအပတ်နှင့် နှိုင်းယှဥ်ပါက အနည်းငယ်လျော့၍ စီးထွက်ခဲ့ပါသည်။
သထုံခရိုင်အတွင်းသို့ အောက်တိုဘာလ၏ နောက်ဆုံအပတ်တွင် ဆန်စီးဝင်မှုနှုန်းမှာ ရန်ကုန်တိုင်းဒေသကြီးမှ (၁၉၀၀) အိတ်ခန့်၊ ပဲခူးတိုင်းဒေသကြီးမှ (၁၉၀၀) အိတ်ခန့်၊ စုစုပေါင်း (၃၈၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၁၈၃) တန်ခန့်စီးဝင်ခဲ့ပြီး ယခုနိုဝင်ဘာလ၏ ပထမအပတ်တွင် ရန်ကုန်တိုင်းဒေသကြီးမှ (၁၈၀၀) အိတ်ခန့်၊ ပဲခူးတိုင်းဒေသကြီးမှ (၁၉၀၀) အိတ်ခန့်၊ စုစုပေါင်း (၃၇၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၁၇၈) တန်ခန့် စီးဝင်ခဲ့ပြီး သထုံခရိုင်အတွင်းသို့ ဆန်စီးဝင်မှုနှုန်းမှာ ယခင်နောက်ဆုံးအပတ်နှင့်နှိုင်းယှဥ်ပါက အနည်းငယ် လျော့၍ စီးဝင်ခဲ့ပါသည်။
သထုံခရိုင်အတွင်း၌ ယခုနိုဝင်ဘာလ၏ ပထမအပတ်တွင် စပါး၊ ဆန်စျေးနှုန်းများ မှာ စပါးတင်း (၁၀၀) လျှင် ဒေသပေါက်စျေး ကျားပျံဟိုတယ် (၂၇၅၀၀၀၀ိ/-) ခန့်၊ ပေါ်ဆန်းဝါ (၂၄၅၀၀၀၀ိ/-)ခန့်၊ ကမာကြည် (၁၆၀၀၀၀၀ိ/-) ခန့်၊ ဧည့်မထ (၁၂၅၀၀၀၀ိ/-) ခန့်နှင့် (၂၄) ပြည် ဝင်ဆန် တစ်အိတ်လျှင် ကျားပျံဟိုတယ် (၁၂၅၀၀၀ိ/-) ခန့်၊ ပေါ်ဆန်းဝါ (၁၂၀၀၀၀ိ/-) ခန့်၊ ကမာကြည် (၇၈၀၀၀ိ/-) ခန့်၊ ဧည့်မထ (၅၅၀၀၀ိ/-) ခန့်ရှိပြီး ယခုအပတ်တွင် စပါး၊ ဆန် စျေးနှုန်းမှာ တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA (မွန်)
