အမှတ်(၇)၊အခြေခံပညာမူလတန်းကျောင်းရှိ ဆရာ/မ၊ကျောင်းသား/သူ(၁၀၄)ဦးအား အသိပညာ‌ပေး‌ဟောပြောခြင်း

Powered by Drupal

      စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး ၊စိတ်ကျေနပ်မှု ရရှိစေရေးအတွက် အာမခံချက်ပေးနိုင်သော အရည်အသွေးမြင့်မားသည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကို ဖော်ဆောင် ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်လျက် စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ရုံးမှ ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)သည် ၁၁.၁၁.၂၀၂၅ ရက်နေ့ ၁၁:၀၀ နာရီအချိန်တွင် မြစ်ကြီးနားမြို့နယ်၊ ဒူကထောင်ရပ်ကွက်၊ အမှတ်(၇)၊ အခြေခံပညာမူလတန်းကျောင်းရှိ ဆရာ/မ၊ ကျောင်းသား / သူ (၁၀၇)ဦးအား အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ ဟောပြောရာတွင် ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)က စားသုံးသူကာကွယ်ရေး စတင်ပေါ် ပေါက်လာပုံ၊ စားသုံးသူကာကွယ်ရေး နှင့် စားသုံးသူ၏ ဓိပ္ပါယ်ဖွင့်ဆိုချက် စားသုံးသူအခွင့်အရေး (၈)ချက်နှင့်တာဝန်(၄)ချက်၊ ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊  အချိုရည်သောက်သုံးမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များ အကြောင်း၊ ကျောင်းမုန့်ဈေးတန်းများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်မှုရှိသော ကုန်စည်များကိုသာ ရောင်းချစေရန်၊ Online Shoping များမှ ဝယ်ယူသုံးစွဲရာတွင် သတိပြု ဆောင်ရွက်သင့်သည့် အချက်များအကြောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက်လည်း တိုင်ကြားရန် CICC ရုံးခန်းများကို ဖွင့်လှစ်ထားရှိမှု၊ ဖြေရှင်းပေးနေမှု အခြေအနေများ၊ Call Center  1535 သို့ တိုက်ရိုက်ခေါ်ဆို မေးမြန်းတိုင်ကြားနိုင်ပါကြောင်း အသိပညာပေး ဟောပြောခဲ့ပါ သည်။

DOCA(ကချင်)