
ကျောက်ဆည်ခရိုင်အတွင်းရှိ ဈေးများသို့ မုန်လာဥဖြူများ ဝင်ရောက်လျက်ရှိပြီး ရှမ်းပြည် ၊ အောင်ပန်းမှ အများဆုံး ဝင်ရောက်လျက်ရှိကြောင်း ၊ ယခုအချိန်တွင် မြို့နယ်အတွင်း စိုက်ပျိုးထားသော မုန်လာဥဖြူ သီးနှံများထွက်ပေါ်နေပြီး မုန်လာဥဈေးနှုန်း အနေဖြင့် (၁၀)လုံး တစ်စည်းလျှင်ဖောက်သည်ဈေး(၅၀၀/-)ကျပ်၊လက်လီစျေး(၁၀)လုံးတစ်စည်းလျှင်(၈၀၀-၁၀၀၀)ကျပ် ရောင်းဝယ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသည့် စျေးသည်တစ်ဦးထံမှ သိရှိရပါသည် ။ ဟင်းသီး ဟင်းရွက်များထဲမှ အဟာရဓာတ် အများဆုံး ပါဝင်သော မုန်လာဥဖြူကို လူအများနှစ်ခြိုက်စွာ စားသုံးလျက်ရှိကြောင်း ၊ မုန်လာဥဖြူကို အချဉ်ရည်ဟင်း၊ ဟင်းချိုချက်၍လည်း စားသုံးကြကြောင်း၊ အတို့အမြုပ်အဖြစ်လည်း စားသုံးကြသလို မုန်လာဥကို အချဉ်တည်၍လည်း ပြန်လည်ရောင်းချလျက်ရှိကြောင်း ၊ မုန်လာဥဖြူအား စားသုံးခြင်းဖြင့် ကင်ဆာဖြစ်စေနိုင်သော အရာတွေကို တိုက်ထုတ်ပေးခြင်း ၊ အစာခြေစနစ်ကို ကျန်းမာစေနိုင်ခြင်း ၊ ကိုယ်ခံအားကောင်းစေခြင်း နှင့် နှလုံးကိုကျန်းမာစေကြောင်းစသည့် အကျိုးကျေးဇူးများရရှိကြောင်း ကျန်းမာရေးဗဟုသုတများအရ သိရှိရပါသည်။
DOCA(မန္တလေး)
