“ချဉ်ပေါင်ဖူးများစျေးကောင်းရ”

Powered by Drupal

    ကျောက်ဆည်ခရိုင်သည် ရာသီပေါ်သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ ၄င်းသီးနှံများအနက် ချဉ်ပေါင်သီးနှံကိုလည်း မြေလွတ်မြေရိုင်းများနှင့် လယ်ကန်သင်းဘေးများတွင်စိုက်ပျိုးကြပါသည်။ တောင်သူအများစုသည် မိသားစုအပိုဝင်ငွေရရှိအောင် ဗမာချဉ်ပေါင်နှင့်အဖူးပါစားသုံးလို့ရသော ဒေသအခေါ် ဘိလပ်ချဉ်ပေါင်များကို အများဆုံးစိုက်ပျိုးကြပါသည်။အဖူးအခွံအစိမ်းနှင့် အဖူးအခွံအနီ ချဉ်ပေါင်ဖူးဟူ၍ အမျိုးအစား(၂)မျိုးရှိရာ အစိမ်းရောင်အဖူးကိုလူကြိုက်များပြီး အရောင်းသွက် ကြောင်း၊ချဉ်ပေါင်ဖူးစျေးနှုန်းအနေဖြင့်ဖောက်သည်စျေး(၁)ပိဿာလျှင်(၁၂၀၀၀/-)ကျပ်၊လက်လီစျေး (၁၀)ကျပ်သားလျှင်(၂၀၀၀/-)ကျပ်၊(၁)ပိဿာလျှင်(၁၈၀၀၀/-)ကျပ်၊စျေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း၊ချဉ်ပေါင်ဖူးများကို နီးစပ်ရာမြို့များနှင့်ပတ်ဝန်းကျင်ရွာများမှ လာရောက်ဖောက်သည် ယူ၍တစ်ဆင့်ပြန်လည်ရောင်းချကြပါသည်။ချ ဉ်ပေါင်ဖူးကို အချဉ်ရည်ဟင်းအဖြစ်လည်းကောင်း ၊ မြေပဲဆံ၊ ငရုတ်သီးစိမ်းများဖြင့် ရော၍ထောင်းစားလျှင် ခံတွင်းကိုမြိန်စေပါသည်။ ချဉ်ပေါင်ဖူးများကို အခြောက်လှမ်း၍လည်း သိမ်းဆည်းထားတတ်ကြပါသည်။ ချဉ်ပေါင်ဖူးအခြောက်ကို ထန်းလျက်ဖြင့် ရောကြိုပြီး ချဉ်ပေါင်ယိုအဖြစ်ထိုး၍ အညာဒေသများတွင် သရေစာအဖြစ် စားသုံးကြပါသည်။ ချဉ်ပေါင်ပင်များကို မြေလွတ်မြေရိုင်းများတွင် စိုက်ပျိုးသည့်အတွက် ကုန်ကျစရိတ်သက်သာပြီး စျေးကောင်းရရှိသည့်အတွက် မိသားစုအပိုဝင်ငွေများရရှိသောကြောင့် ပိုမိုစိုက်ပျိုးသင့်ပါသည်။

DOCA(မန္တလေး)