“နေကြာ(မိုး)များဖြိုင်ဖြိုင်ရိတ်သိမ်းလျက်ရှိ”

Powered by Drupal

    မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသတစ်ခုဖြစ်သောကြောင့် စပါး၊ပဲ၊ပြောင်း၊နှမ်းသီးနှံမျိုးစုံအောင်မြင်ဖြစ်ထွန်းလျက်ရှိရာ ၄င်းသီးနှံများအနက် ဆီထွက်သီးနှံ တစ်မျိုးဖြစ်သော နေကြာသီးနှံကိုလည်း တောင်သူများမှ သီးထပ်သီးညှပ် စိုက်ပျိုးသည့်အပြင် သီးသန့်ဧကအလိုက် စိုက်ပျိုးလျက်ရှိပါသည်။ နေကြာစိုက်ပျိုးမှုအနေဖြင့် ကျောက်ဆည်ခရိုင်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် (၆၇၂၈)ဧက စိုက်ပျိုးထားရှိပြီး ကျောက်ဆည်မြို့နယ်တွင် (၃၁၆၇)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ယခုအချိန်၌ ကျောက်ဆည်မြို့နယ်တွင်(၁၄၉၂)ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည် ။ နေကြာ(မိုး) စိုက်ပျိုးမှု ကုန်ကျစရိတ် အနေဖြင့် မျိုး ၊ သွင်းအားစု ၊ လုပ်သားခ အပါအဝင်(၄၅၀၀၀၀/-) ကျပ်ခန့် ကုန်ကျကြောင်း ၊ ယခုအချိန်တွင် နေကြာများ ဖြိုင်ဖြိုင်ရိတ်သိမ်းနေပြီဖြစ်ကြောင်း ၊ ယခုလက်ရှိ ပေါက်စျေးအနေဖြင့် နေကြာတစ်တင်း လျှင်(၆၁၀၀၀/-)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း  ၊ အထွက်နှုန်းအနေဖြင့် (၂၀-၂၅)တင်းခန့်ထွက်ရှိကြောင်း ၊အကျိုးအမြတ် အနေဖြင့် (၇၇၀၀၀၀/-)ကျပ် မြတ်ခဲ့ကြောင်း ၊ နေကြာစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)