
ရာသီပေါ်သီးနှံဖြစ်သည့် နံနံပင်များကို အခြားမြို့များမှ သယ်ယူရောင်းချစရာမလိုဘဲ မိမိတို့အိမ်ရှိနေရာလွတ်များတွင်လည်းကောင်း၊ ခြံဝန်းကျယ်များတွင်လည်းကြောင်း စိုက်ပျိုးကြကြောင်း၊ ရွှေဘိုမြို့နှင့် အနီးတဝိုက်ရှိ ကျေးရွာများမှလည်း လာရောက်ရောင်းချကြကြောင်း၊ နံနံပင်မှာ ဟင်း ခတ်အမွှေးအကြိုင်ဖြစ်၍ ဟင်းလျာများ၊ မုန့်တီ၊ မုန့်ဟင်းခါးနှင့် အသုပ်စုံများတွင်ထည့်၍ အသုံး ပြုကြောင်း၊ နိုဝင်ဘာလ (ဒုတိယ)ပတ်တွင် ဖြစ်ပေါ်နေသော နံနံပင်ဈေးနှုန်းမှာ (၁)စည်းလျှင် (၅၀ဝိ/-)ကျပ်၊ (၁၀)စည်းလျှင် (၄၅၀ဝိ/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်း ရောင်းချသည့် လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)
