
ကျောက်ပန်းတောင်းမြို့ရှိ ဆေးဆိုင်များတွင် တရားမဝင်ဆေးဝါးများ၊ စံမမီဆေးဝါးများနှင့် သက်ဆိုင်ရာဌာနများမှ ထောက်ခံချက်မပါသောဆေးဝါးများနှင့် ဖော်ပြပါဝင်ရမည့်သတ်မှတ်ချက်များ နှင့် ကိုက်ညီမှမရှိသောဆေးဝါးများ ရောင်းချမှုမရှိစေရေး (၂၁.၁၀.၂၀၂၅) ရက်နေ့၊ နံနက် ၀၉:၀၀ နာရီအချိန်တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်တိုင်းရင်း ဆေး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ကွင်းဆင်းဆောင်ရွက်မှုတွင် သက်ဆိုင်ရာကျန်းမာရေးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ရောင်းချ မှုရှိ/မရှိ၊ တရားမဝင်ဆေးဝါးများရောင်းချမှုရှိ/မရှိ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချ မှုရှိ/မရှိနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သတ်မှတ်ချက်များနှင့်အညီ တရားဝင်ဆေးဝါးများကိုသာရောင်းချ ကြောင်း စစ်ဆေးတွေ့ရှိရပြီး၊ ဆေးဆိုင်တာဝန်ရှိသူများအနေဖြင့် မိမိရောင်းချသော ဆေးဝါးများနှင့် စပ်လျဉ်း၍ ပြည့်စုံမှန်ကန်သော သတင်းအချက်အလက်၊ အာမခံချက်များကို စားသုံးသူများအားသိရှိ စေရေး၊ သက်ဆိုင် ရာဌာနများ၏ လမ်းညွှန်ချက်များနှင့်အညီရောင်းချစေရေး၊ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်းလည်း သိရှိလိုက်နာ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဌာနများ၏ ဥပဒေပြဌာန်းချက်များ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာ၍ ဖြန့်ဖြူးရောင်းချကြရန် အသိပေး၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
DOCA (မန္တလေး)
