
ရွှေဘိုမြို့အပြင် ရွှေဘိုမြို့ပေါ်ရှိ ဈေးများတွင် သီးနှံမျိုးစုံများရောင်းချလျက်ရှိရာ ငရုတ်သီး စိမ်းများကိုလည်းရောင်းချလျက်ရှိပါသည်။ ငရုတ်သီးစိမ်းများကို မိမိတို့အိမ်များတွင် တစ်နိုင်တစ်ပိုင် အဖြစ်စိုက်ပျိုးကြပြီး၊ ခြံများ၊ ကုန်းများတွင်လည်း စီးပွားဖြစ်စိုက်ပျိုးကြပါသည်။ ရွှေဘိုမြို့နယ်အတွင်းရှိ ကျေးရွာများအပြင် ရေဉီးမြို့မှလည်း လာရောက်ရောင်းချချကြောင်း၊ ငရုတ်သီးစိမ်းများမှာ လှိုင်လှိုင်ထွက်ရှိသော်လည်း သယ်ယူစရိတ်မြင့်မာခြင်းကြောင့် ဈေးနှုန်းမြင့်တက်ရကြောင်း၊ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (ဒုတိယ)ပတ်တွင် ရောင်းချနေသော ငရုတ်သီးစိမ်းဈေးနှုန်းမှာ (၁)ပိဿာလျှင် (၆၀၀ဝိ/-)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး အထုပ်လေးများထုပ်ကာ (၁)ထုပ်လျှင် (၃၀ဝိ/-)ကျပ် ဖြင့် ရောင်းချကြကြောင်း သီးနှံရောင်းချသည့် လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)
