တိုင်းဒေသကြီးဦးစီးမှူးမှ ဆန်စပါးကုန်သည်များအသင်းဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

       ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့၊ နေ့လယ်  ၃း၃၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးအား ဆန်စပါးကုန်သည်များအသင်းဥက္ကဋ္ဌမှ ဆန်စပါးလုပ်ငန်းကြီးကြပ်ရေး အဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပနိုင်ရန်အတွက် လာ‌ရောက်တွေ့ဆုံခဲ့ပါသည်။

          တွေ့ဆုံရာတွင် ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပနိုင် ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည့်အချက်များနှင့်ပတ်သက်၍ ရှင်းလင်းခြင်းနှင့် ဆန်စပါးကုန်သည်အသင်းဥက္ကဋ္ဌမှ လိုအပ်သည်များအား မေးမြန်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)