မြိတ်ခရိုင်ရှိ Royal ကော်ဖီလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

     တနင်္သာရီတိုင်း၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနသည် ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(၈)ရက် နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မြိတ်မြို့၊ ဆိပ်ငယ်ရပ်ရှိ Royal ကော်ဖီလုပ်ငန်းရှင်နှင့်တွေ့ဆုံပြီး ကုန်အညွှန်းအမှတ်အသားပါရှိစေရေး တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

          တွေ့ဆုံဆွေးနွေးရာတွင် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိစေရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးဆောင်ရွက် ရန်၊ သက်ဆိုင်ရာဌာန၏ လမ်းညွှန်ချက်များအတိုင်းလိုက်နာဆောင်ရွက်ပြီး စားသုံးသူရေးရာဦးစီးဌာန ၏ ကုန်အညွှန်းအမှတ်အသားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)