Online Sales လုပ်ငန်းများနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောဆွေးနွေးခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်ခရိုင် အတွင်းရှိ လုပ်ငန်းရှင်များအား Online Sales ဈေးရောင်းချခြင်းနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောဆွေးနွေးခြင်းများဆောင်ရွက်လျက်ရှိရာ ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် ပြည်မြို့နယ်ရှိ အွန်လိုင်းဈေးရောင်းချနေသောလုပ်ငန်းရှင်များအားလည်းကောင်း၊ ရွာဘဲရပ်ကွက်ရှိ ပြည်သူများအားလည်းကောင်း၊ ရွှေတောင် မြို့နယ်တွင် တာဝန်ခံရုံး၌ ကုန်မျိုးစုံနှင့် စတိုးဆိုင် ရောင်းချနေသော လုပ်ငန်းရှင်များအားလည်းကောင်း၊ ပန်းတောင်းမြို့နယ်၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ Talk Show ဆောင်ရွက်၍လည်းကောင်း၊ ပေါက်ခေါင်းမြို့နယ်တွင် မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများအားလည်းကောင်း သက်ဆိုင်ရာ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် တွေ့ဆုံ၍ Online Sales ဈေးရောင်းချခြင်းနှင့်ပတ်သက်၍ အသိပညာပေး ဟောပြော ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ ပါသည်။

          အဆိုပါ ဆွေးနွေးဟောပြောပွဲတွင် လုပ်ငန်းရှင်များအနေဖြင့် Online Sales ဈေးရောင်း ချခြင်းနှင့်ပတ်သက်၍ သိရှိလိုက်နာရမည့်အချက်များ၊ Online Sales မှတ်ပုံတင်ခြင်းဆိုင်ရာအချက်များအားရှင်းလင်းဆွေးနွေးခြင်းဆောင်ရွက်ခဲ့ရာတက်ရောက်လာသောလုပ်ငန်းရှင်များမှသိရှိလိုသည်များပြန်လည် မေးမြန်းခြင်းနှင့်သက်ဆိုင်ရာမြို့နယ်တာ ဝန်ခံများမှပြန်လည်ရှင်းလင်းခြင်းဆောင်ရွက်ခဲ့ပြီးဆွေးနွေးပွဲသို့ပြည်ခရိုင်အတွင်းမြို့နယ်အားလုံးမှစီးပွားရေးလုပ်ငန်းရှင် (၁၄၅)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)