မကွေးမြို့၊ ရန်ကင်းစျေး၌ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် စျေးကွက် အတွင်းရှိ ကုန်ပစ္စည်းများနှင့် စျေးကွက်မရောက်မီကုန်ပစ္စည်းများအား စျေးကွက်စောင့်ကြည့်စစ်ဆေး ခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ မကွေးခရိုင်တာဝန်ခံသည် (၇.၁၁.၂၀၂၅)ရက်နေ့ နံနက် (၀၈:၀၀)အချိန်တွင် မကွေးမြို့၊ ရန်ကင်းစျေးတွင် ရောင်းချလျက်ရှိသော ကုန်ပစ္စည်း (၁၀) မျိုးအား နမူနာဝယ်ယူ၍ Mobile Lab Van ဖြင့် ရှောင်တခင်စစ်ဆေးခြင်းကို အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ နမူနာဝယ်ယူခဲ့သော ကုန်ပစ္စည်း (၁၀)မျိုးတွင် ပဲပြား(S)၊ ချင်းပေါက်၊ အမဲသွေးခဲ၊ ဆိတ်သွေးခဲ၊ မုန့်ဟင်းခါးဖက်တို့၌ အစားအစာများတွင် သုံးစွဲရန်မသင့်သော ချွတ်ဆေးများနှင့်တာရှည်ခံ ဆေးများ သုံးစွဲထားခြင်းရှိ/မရှိ Mobile Lab Van ဖြင့် အဆိုပါစျေးအတွင်း ချက်ချင်းစစ်ဆေးခဲ့ရာ သုံးစွဲရန်မသင့်‌သော ချွတ်ဆေးများနှင့်တာရှည်ခံဆေးများ သုံးစွဲထားခြင်းမရှိကြောင်းနှင့် အရောင်တင် မှုန့်၊ နနွင်းမှုန့်၊ ငရုပ်သီး မှုန့်၊ မျှစ်(အနီ)နှင့် လက်ဖက်တို့အား အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနသို့ ယူဆောင်စစ်ဆေးပြီး စားသုံးရန်မသင့်ကြောင်း စစ်ဆေးတွေ့ရှိပါက ထုတ်လုပ် သူလုပ်ငန်းရှင်များအား ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)