မြို့မဈေးတွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော အာလူးသီးဈေးနှုန်း၊ဈေးကွက်

Powered by Drupal

         စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲ လျက်ရှိသည့် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

          စားသုံးသူများ နေ့စဉ်ဝယ်ယူအသုံးပြုလျက်ရှိသည့် အာလူးသီးများကို ရှမ်းပြည်နယ်၊ အောင်ပန်းမြို့မှတဆင့် ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့နှင့် ကန့်ဘလူမြို့တို့ရှိ လက်လီ/လက္ကားဆိုင် များမှ ဖြန့်ဖြူးလျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်အတွင်း မြို့မဈေးတွင် ရောင်းချနေသော အာလူးသီးအလုံးကြီး (၁)ပိဿာလျှင် (၄၀၀၀)ကျပ်၊ အလုံးသေး(၁)ပိဿာလျှင်(၃၀၀၀) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိရာ ဈေးကွက်အနေဖြင့် အားလူးကြော်လုပ်ငန်းများ၊ မုန့်လုပ်ငန်းများနှင့် စားသောက်ဆိုင်များက ဝယ်ယူအသုံးပြုလျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA (စစ်ကိုင်း)