
ထားဝယ်မြို့၊ နိုဝင်ဘာလ ပထမပတ်တွင် ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော ခရမ်းချဉ်သီးများကို ရန်ကုန်၊ မန္တလေးပွဲရုံများမှ ယူ၍ရောင်းချကြပြီး တစ်ပိဿာလျှင် ကျပ်(၃၅၀၀)ဈေးနှုန်းဖြင့် ထားဝယ်မြို့ကမ်းနားပျံကျဈေးနှင့် စည်ပင်သာယာဈေးကြီးတို့တွင် ရောင်းချကြသည်။
ယခင် အောက်တိုဘာလနှင့် ဈေးနှုန်းနှိုင်းယှဉ်ပါကအနည်းငယ်မြင့်တက်လာပြီး ထားဝယ်ဒေသမှထွက်သော ခရမ်းချဉ်သီးများဝင် လာမှုမရှိသဖြင့် ဈေးနှုန်းအနည်းငယ်တက်လျက်ရှိ ကြောင်း ခရမ်းချဉ်သီး ရောင်းချသူများထံမှ သိရှိရပါ သည်။
DOCA(တနင်္သာရီ)
