
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ထောပတ်ပဲသီးနှံကို စိုက်ပျိုးထားရှိကြောင်း၊ ထောပတ်ပဲသီးနှံကို ကန့်ဘလူမြို့နယ် တောက္ကရှပ်ကျေးရွာ၊ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများတွင် စိုက်ပျိုးကြပြီး ကန့်ဘလူမြို့ပေါ်ရှိ ပွဲရုံများသို့ရောင်းချကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်အတွင်း ထောပတ်ပဲတစ်တင်းလျှင် (၁၃၁၀၀၀)ကျပ်၊ အကွဲအနာပါတစ်တင်းလျှင် (၁၃၁၅၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ၊ ယခင် အောက်တိုဘာလ၏ ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ထောပတ်ပဲတစ်တင်းလျှင် (၂၀၀၀)ကျပ် ဈေးနှုန်းဆက်လက်ကျဆင်းနေကြောင်း၊ ထောပတ်ပဲသီးနှံကို မန္တလေးမြို့ရှိပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)
