
ဧရာ၀တီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ဒေးဒရဲမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်တာ၀န်ခံနှင့်၀န်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ၂၅ ရက်နေ့၊ နေ့လည်(၀၁:၀၀)နာရီအချိန်တွင် ဒေးဒရဲ မြို့ဘုရားကလေးကွင်းကျေးရွာ အ-မ-က ကျောင်းတွင် ကျောင်းသား/ ကျောင်းသူ (၇၀) ဦးအား စားသုံး သူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းကိုဆောင်ရွက်ခဲ့ပါသည်။
ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်တာ၀န်ခံက စားသုံးသူရေးရာ ဦးစီးဌာနပေါ်ပေါက်လာပုံ၊ စားသုံးသူကာကွယ်ရေး ဥပဒေများ၊ စားသုံးသူ အခွင့်အရေးနှင့် တာဝန်များ၊ စား သုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာလျှင် ပြန်လည်ကုစားခွင့်များ၊ အသိပေး တိုင်ကြားနိုင်သည့် နည်းလမ်း များစသည့် အကြောင်းအရာများအား အကျယ်တဝင့် အသိပညာပေးပြောကြားခဲ့ကြောင်း သတင်း ရရှိပါသည်။
DOCA(ဧရာ၀တီ)
