
စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်ဈေးနှုန်း တည်ငြိမ်ရေးလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို အားတက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ၂၇.၁၀.၂၀၂၅ ရက်နေ့တွင် ညောင်လေးပင်ခရိုင်ဦးစီးမှူး ဦးရဲမင်းထွဋ်၊ အငယ်တန်း စာရေး ဦးနေမျိုးဝင်းနှင့် ဦးခွန်ကျော်ဝင်းထွန်းတို့သည် ညောင်လေးပင်မြို့ရှိ “ ရွှေခေတ် ” (မုန့်မျိုးစုံ) စားသောက်ကုန်ထုတ်လုပ်သော လုပ်ငန်းရှင်နှင့်တွေ့ဆုံကာ လုပ်ငန်းအခြေအနေများအား မေးမြန်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
ခရိုင်ဦးစီးမှူးနှင့် အဖွဲ့သည် “ ရွှေခေတ် ” (မုန့်မျိုးစုံ) ထုတ်လုပ်သော လုပ်ငန်းရှင် ဦးဇော်ဝဏ္ဏအား လုပ်ငန်းအခြေအနေများ မေးမြန်းခဲ့ရာ ဦးဇော်ဝဏ္ဏက လုပ်ငန်းလုပ်ကိုင်ရာတွင် တွေ့ကြုံရသော အခက်အခဲများဖြစ်သည့် လုပ်သားအင်အား ရှားပါးမှု၊ လုပ်သားခကြီးမြင့်မှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် လျှပ်စစ်မီး အခက်အခဲများကို တင်ပြရာ ခရိုင်ဦးစီးက မှတ်တမ်းတင်ထားကာ တတ်နိုင်သမျှ ဖြေရှင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် လုပ်ငန်းခွင်အား လိုက်လံ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ စစ်ဆေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ပဲခူး)
