
စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်တာဝန်ခံရုံးအနေဖြင့် ကုန်ဈေးနှုန်း တည်ငြိမ်ရေးလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို အားတက်တရော ဆောင်ရွက် လျက်ရှိရာ ၂၃.၁၀.၂၀၂၅ ရက်နေ့တွင် ကျောက်တံခါးမြို့နယ်တာဝန်ခံ ဒေါ်တင်တင်စန်းနှင့် ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးတို့သည် ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့ရှိ “ ရွှေတိုးလှိုင် ” (စာကလေးခွေ) စားသောက်ကုန်ထုတ်လုပ်သော လုပ်ငန်းရှင်နှင့်တွေ့ဆုံကာ လုပ်ငန်းအခြေအနေများအား မေးမြန်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
မြို့နယ်တာဝန်ခံနှင့် ဒုဦးစီးမှူးတို့သည် “ ရွှေတိုးလှိုင် ” (စာကလေးခွေ) ထုတ်လုပ်သော လုပ်ငန်းရှင် ဦးရွှေလှိုင်အား လုပ်ငန်းအခြေအနေများ မေးမြန်းခဲ့ရာ ဦးရွှေလှိုင်က လုပ်ငန်းလုပ်ကိုင် ရာတွင် တွေ့ကြုံရသော အခက်အခဲများ နှင့် စိန်ခေါ်မှုများကို တင်ပြရာ ခရိုင်ဦးစီးက မှတ်တမ်းတင် ထားကာ တတ်နိုင်သမျှ ဖြေရှင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် လုပ်ငန်းခွင်အား လိုက်လံ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ စစ်ဆေးမှာကြားခဲ့ကြောင်း သတင်း ရရှိပါသည်။
DOCA(ပဲခူး)
