၂၀၂၅-၂၀၂၆ခုနှစ်၊အောက်တိုဘာလအထိနွားထိုးကြီးမြို့နယ်၏ မိုးနေကြာစိုက်ပျိုးထားရှိမှု  

Powered by Drupal

            မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် ပြည်တွင်းစားသုံးဆီဖူလုံစေရေးနှင့် ပိုလျှံရေးအတွက် အရေးကြီးသီးနှံတစ်မျိုးဖြစ်သည့် မိုးနေကြာများစိုက်ပျိုးထားရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိ ကြောင်းသိရှိရသည်။ အကောင်းဆုံးစိုက်ပျိုးချိန်မှာ ဩဂုတ်လ၊ စက်တင်ဘာလနှင့် အောက်တိုဘာလ တို့တွင်စတင်စိုက်ပျိုးပြီး ဇန်နဝါရီလ၊ ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် ရိတ်သိမ်းထွက်ပေါ်ကြောင်း၊ စိုက်ပျိုးချိန်မှရိတ်သိမ်းချိန်အထိ (၄)လခန့်ကြာမြင့်ကြောင်းသိရှိရသည်။  မိုးနေကြာကိုတစ်မြို့ နယ်လုံးအနေဖြင့် လျာထားဧက (၃၀၅၅)ဧကရှိသည့်အနက်ယခုအောက်တိုဘာလတတိယပတ်အထိစိုက်ဧက (၂၉၇၀) ဧကစိုက်ပျိုးထားပြီးဖြစ်ကြောင်း၊ အောက်တိုဘာလကုန်တွင် လျာထားချက် ပြည့်မီအောင် ဆက်လက်စိုက်ပျိုးနေကြောင်း၊ မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရသည်။ယခင်နှစ်တစ်ဧကအထွက်နှုန်းအနေဖြင့်(၂၃)တင်းခန့်ထွက်ရှိခဲ့ကြောင်း၊ ယခင်နှစ်ထွက်ပေါ်ချိန်တွင် ဆီနေကြာတစ်ပိဿာလျှင် (၆၅၀၀)ကျပ်ခန့် ပေါက်ဈေးများရှိခဲ့ကြောင်း၊ တောင်သူများအနေဖြင့် နေကြာသီးနှံကို စိုက်ပျိုးမှုထားရှိမှုမှာ ဆင်းရွှေကြာ-၂၊ရေဆင်းစပ်မျိုး-၁နေကြာမျိုးကိုအဓိကစိုက်ပျိုးကြကြောင်း၊ရာသီဥတုကောင်းပါကအထွက်နှုန်းကောင်းနိုင်ကြောင်းနေကြာစိုက်တောင်သူများထံမှသိရှိရသည်။ယခု၂၀၂၅ခုနှစ်၊ အောက်တိုဘာလတတိယပတ်တွင် ဆီနေကြာတစ်ပိဿာလျှင် (၇၀၀၀) ကျပ်ခန့်ပေါက်ဈေး များရှိကြောင်း၊ နွားထိုးကြီးမြို့နယ်တွင် နေကြာဆီကြိတ်ခွဲထုတ်လုပ်ခြင်းမရှိကြောင်း၊ ‌ဒေသတွင်းထွက်ရှိသော နေကြာများကို မန္တလေးမြို့သို့ တင်ပို့ရောင်းချကြောင်း ကုန်သည်တစ်ဦး၏ ပြောပြချက် အရသိရှိရသည်။

DOCA(မန္တလေး)