
စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ရုံးမှဒု-ခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေးဦးဆောင်၍ အမှတ်(၈-ရပ်ကွက်၊၄၅လမ်း)ရှိ ဆန်လက်လီလက်ကားရောင်းချသော ဦးလှမော်ဆန်ဆိုင်သို့ ၁၇-၁၀-၂၀၂၅ ရက် နေ့နံနက် (၁၀:၀၀)နာရီအချိန်တွင် ပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းဆောင်ရွက်ရာ၌ ဦးလှမော်ဆန်လက်လီလက်ကား အရောင်းဆိုင်တွင် ရောင်းချနေသော ဆန်အမျိုးအစားများမှာ ရွှေဘိုပေါ်ဆန်း (၂၄)ပြည်တစ် အိတ်လျှင် (၁၅၀၀၀၀) ကျပ်၊ ဧရာမင်း-ရွှေဘို(၂၄)ပြည်တစ်အိတ်လျှင် (၁၃၃၀၀၀) ကျပ်၊ ဧရာပဒေသာဆန် (၂၄)ပြည်တစ်အိတ် လျှင်(၉၉၀၀၀)ကျပ်၊မနောသုခဆန်(၂၄)ပြည်တစ်အိတ်လျှင် (၉၀၀၀၀)ကျပ်နှင့် ဖန်သီးသုခ (၂၄)ပြည်တစ်အိတ်လျှင်(၉၂၀၀၀)ကျပ်ဈေးနှုန်းများဖြင့် သင့်တင့် မျှတသောနှုန်းထားများအတိုင်း ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ဦးလှမော် ဆန်ဆိုင် ပိုင်ရှင်အား ဈေးကွက်အတွင်းဆန်များ ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး၊ဈေးနှုန်းများတည်ငြိမ်စေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း များမပြုလုပ်ရန်၊ ဈေးကစား ရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်းခြင်းများ မပြုလုပ်ရန်နှင့် ဆန်သိုလှောင်ရုံမှတ်ပုံတင်သက်တမ်းပြည့်ပါက My RO တွင်ဆက်လက် မှတ်ပုံတင်သက်တမ်း တိုးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်သွားရန် စသည်တို့ကိုဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရသည်။
DOCA(မန္တလေး)
