ပခုက္ကူခရိုင်အတွင်းရှိ မြို့နယ်များတွင် မိုးစိုက် (ခေါ်) ဥစိုက် ကြက်သွန်နီများ စိုက်ပျိုးလျက်ရှိ

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ မြို့နယ်များတွင် မိုးကြက်သွန် (ခေါ်) ဥစိုက် ကြက်သွန်နီနှင့် ဆောင်းကြက်သွန်နီ (ခေါ်) အပင်စိုက်များကို နှစ်စဉ်မပျက် အများအပြား စိုက်ပျိုး ထုတ်လုပ်ပြီး ပြည်တွင်းနှင့် ပြည်ပသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။ မကွေးတိုင်းဒေသကြီးကို မြန်မာနိုင်ငံ၏ ဆီအိုးကြီးဟု ပြည်သူများကအသိအမှတ်ပြု ခေါ်ဆိုခဲ့ကြပါသည်။ မကွေးတိုင်းဒေသ ကြီးတွင် ဆီထွက်သီးနှံများဖြစ်သည့် နှမ်း၊ မြေပဲနှင့် နေကြာများကို ရာသီအလိုက် စိုက်ပျိုးလျက်ရှိ သည့်အပြင် ပခုက္ကူခရိုင်တွင်လည်း စားဖိုဆောင်သီးနှံဖြစ်သော ကြက်သွန်နီကို ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို၊ ဆိပ်ဖြူမြို့နယ်များတွင် စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ ကြက်သွန်နီဈေးကွက်တွင် လည်း ဆိပ်ဖြူ ကြက်သွန်၊ ပခုက္ကူကြက်သွန်နှင့် ပေါက်ယောချောင်းကြက်သွန်များမှာ အရည်အသွေးကောင်း၍  နာမည်တစ်လုံးရရှိခဲ့ပါသည်။

      ကြက်သွန်နီဈေးကွက်တွင် ယခင်နှစ်က စိုက်ပျိုးထွက်ရှိခဲ့သည့် အပင်စိုက် ကြက်သွန်နီများ မှာ ကြက်သွန်ဒိုင်ပြတ်ဈေးအနေဖြင့် () ပိဿာ ကျပ်(၁၁၀၀)မှ ကျပ်(၄၀၀)ဖြင့်သာ အရောင်း အဝယ်ဖြစ်လျက်ရှိပါသည်။ ယခုလက်ရှိဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေသည့် ကြက်သွန်နီ များမှာ ဒီဇင်ဘာ၊ ဇန်နဝါရီလများတွင် အညှောင့်များထွက်လာ၍ သက်တမ်းကုန်ဆုံးမည်ဖြစ်သည့် အတွက် ကြက်သွန်နီစိုက်တောင်သူများအနေဖြင့် ဈေးကောင်းကိုမျှော်လင့်၍ မိုးစိုက် (ခေါ်) ဥစိုက် ကြက်သွန်နီများကို ပခုက္ကူ၊ရေစကြို၊ဆိပ်ဖြူမြို့များတွင် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ရေဝင်ရောက် ရာကျေးရွာများတွင် မြစ်ရေကျချိန် စက်တင်ဘာလ၊ အောက်တိုဘာလများတွင် စိုက်ပျိုးလျှက်ရှိပါ သည်။ ယခုနှစ် ()ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ ထွန်ယက်စိုက်ပျိုးကုန်ကျစရိတ် ကျပ်(၂၅) သိန်းခန့်ကုန်ကျပြီး ခန့်မှန်းအထွက်အနေဖြင့် ပိဿာ (၃၀၀၀)ခန့် ထွက်လျှင် ယခု လက်ရှိ ဈေးအတိုင်း ရောင်းချပါက အကျိုးအမြတ်မရရှိသော်လည်း အရှုံးမရှိကြောင်း၊ အကယ်၍ ကြက်သွန်နီ ပေါ်ချိန် ဒီဇင်ဘာ၊ ဇန်နဝါရီလများတွင် ဈေးနှုန်း () ပိဿာကို ကျပ်(၂၀၀၀)ခန့် ရောင်းချရလျှင် ကြက်သွန်စိုက်တောင်သူများ အကျိုးအမြတ်များစွာရရှိနိုင်မည်ဖြစ်ကြောင်း ကြက်သွန်နီစိုက် တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မကွေး)