အောက်တိုဘာလနောက်ဆုံးပတ်ကညွတ်စျေး

Powered by Drupal

           ကုန်စိမ်းစျေးကွက်သို့ ပြင်ဦးလွင်ဒေသထွက်ကညွှတ် ကုန်စိမ်းများ ဝင်ရောက်မှုနည်းသည့် အတွက်စျေးအနည်းငယ်မြင့်တက်သွားကြောင်း သိရှိရပါသည်။ ကညွတ်မှာကျန်းမာရေးအစားအစာ အဖြစ်စားသုံးလျက်ရှိပြီး၊ ထမင်းမြိန်သည့်အစားအစာအဖြစ် စားသုံးလျက်ရှိကြောင်း သိရှိရပါသည်။ မန္တလေးတိုင်းဒေသကြီးရှိ အမရပူရခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်နှင့် မိတ္တီလာခရိုင်တို့မှ ထွက်သည့်ကုန်စိမ်းများ၊စစ်ကိုင်းတိုင်း ဒေသကြီးနှင့်ရှမ်းပြည်နယ်တို့မှ ထွက်သည့်ကုန်စိမ်းများ ဝင် ရောက်မှုများပြားလျက်ရှိကြောင်း သိရှိရပါသည်။ မန္တလေးမြို့၊ သီရိမာလာစျေးနှင့်၄၁လမ်းစျေးရှိ ကုန်စိမ်းစျေးကွက်တွင် ၂၀၂၅ ခုနှစ်အောက်တိုဘာလနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်သည့်ကညွတ် စျေးနှုန်းများမှာ ၁ပိဿာလျှင် လက္ကားစျေး ၁၂၀၀၀ ကျပ်နှင့် ၁၄၀၀၀ ကျပ်၊ လက်လီစျေး ၁၅၀၀၀ ကျပ်နှင့်၁၇၀၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ မန္တလေးမြို့၊ သီရိမာလာစျေး အတွင်း နေ့စဉ် ကုန်စိမ်း သီးနှံဝင်ရောက်မှုမှာ ကုန်စည်အမျိုးအစားအလိုက် (Canter ၁၂ဘီးနှင့် ၆ ဘီး) ယာဉ် (၄၀) စီးနှင့်(၆၀)စီးအကြားဝင်ရောက်လျက် ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)